Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီမတရားဖမ်းဆီးခဲ့တဲ့ ညီအကိုနှစ်ဦးအနက် အကို​ဖြစ်သူ နှိပ်စက်ခံရပြီးသေဆုံး

သေဆုံးသူသည် ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်း၌ နေထိုင်သူဖြစ်ပြီး ညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အစ်ကိုဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်သည်။

ပြည်မြို့တော်ခန်းမရှေ့၌ ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူတစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုကြောင့်သေဆုံးသွားကြောင်း ပြည်မြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ သေဆုံးသူအပါအဝင် သုံးဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်ဦးသေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သေဆုံးသူသည် ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်း၌ နေထိုင်သူဖြစ်ပြီး ညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အစ်ကိုဖြစ်သူသေဆုံးခဲ့ခြင်းဖြစ်သည်။

“အဖမ်းခံရတဲ့ အချိန်ကတည်းက မထနိုင်တော့တာလို့ကြားတယ်။ ဆုံးသွားတာတော့ ညပိုင်းမှာ “ဟု ပြည်မြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပေါက်ကွဲမှုကြောင်း စစ်ကောင်စီဘက်က သုံးဦးသေဆုံးသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၆ ရက်နေ့လည် ၂နာရီကျော်တွင် ပြည်မြို့တော်ခန်းမရှေ့၌ ဗုံး နှစ်လုံးဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကိုပြုလုပ်သူအားလုံး ဘေးလွတ်ရာသို့ရောက်ရှိပြီဖြစ်ကြောင်း Pyay Underground Force အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

” PUGFအဖွဲ့သားများအားလုံးအောင်မြင်စွားဖြင့်လွတ်မြောက်နယ်မြေသို့ကားဖြင့်ထွက်ခွာသွားပြီဖြစ်ပါကြောင်း မိဘပြည်သူများအားအသိပေးအပ်ပါသည်။ စကစ ရေ မဆိုင်တဲ့သူတွေကိုဘာမမလုပ်နဲ့နော်” ဟု PUGF ၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။