News ဂန့်ဂေါနယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားငါးလောင်းတွေ့ မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News သုံးလအတွင်းတိုက်ပွဲနှင့် ပဋိက္ခဖြစ်စဉ် တစ်ထောင်ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁,၇၀၀ ကျော်သေဆုံးဟု NUG ထုတ်ပြန် သုံးလအတွင်း လက်နက်ကိုင်တိုက်ပွဲနှင့် ပဋိပက္ခ ဖြစ်စဉ်ပေါင်း ၁,၁၇၁ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁,၇၁၀ဦး သေဆုံးပြီး ၆၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု ၄၃၁ဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၈၄ ဦးရှိခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 14, 2021
News ကုလညီလာခံမှာ စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီချက်ရရှိထား အဲဒီ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့သဘောတူညီချက်ဟာ နိုင်ငံတကာရဲ့တရားဝင်ထောက်ခံမှုကို ရရှိဖို့ကြိုး စားနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 14, 2021
News စစ်ကိုင်းနဲ့မကွေးမှာ စစ်ကောင်စီရဲ့နေ့စဉ်ရက်ဆက်ကျူးလွန်မှုတွေကို ကုလလူ့အခွင့်အရေးကောင်စီမှာ NUG အစီရင်ခံစာတင်သွင်း လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးအဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်ညီလာခံတွေမှာ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း အထွေထွေညီလာခံက ဆုံးဖြတ် ချက် မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ကိုယ်စားပြုတက်ရောက် ခွင့် မပေးပါဘူး။ LuduNwayOoစက်တင်ဘာ 13, 2021
News ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ခြောက်ဦးသေ “အဲဒီဟာကိုတော့ မသိသေးပါဘူး။ ယုန်ထိုး တောင်ဆိုတာက အရင်တစ်ခါ ဖြစ်တဲ့နေရာနဲ့ သိပ်မကွာဘူး။ အရင် တစ်ခါရွာကနေ နွားထိုးကြီးကြားပေါ့။ ယုန်ထိုးတောင်နဲ့ ထိန်ပင်ရွာလမ်းဖြစ်မှာပေါ့။ ယုန်ထိုးက တောင်လည်းရှိတယ် ရွာလည်းရှိတယ်” ဟု မြင်းခြံဒေသခံ တစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 13, 2021
News နိုင်ငံတကာကိုအားကိုးမရ၍ တစ်မျိုးသားလုံးညီညွတ်မှုဖြင့် စစ်ကောင်စီကိုဖယ်ရှားနိုင်ရေး ကြိုးပမ်းနေဟု NUG ရှင်းလင်း ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စုစည်းညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှု တို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင် လိမ့်မည် ဖြစ်ကြောင်း သိသာထင်ရှား နေပြီဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 13, 2021
News ဖျက်ဆီးရသည့် Mytel တာဝါတိုင်အနီးရှိ ရွာကို စစ်ကောင်စီဝင်စီးပြီး လူငယ်နှစ်ဦးကိုသတ်၊ လေးဦးကို ဖမ်းဆီး တော်လှန်ရေးစိတ်ဓာတ်ချင်းတူညီသည့် ပြည်သူ့ရဲဘော်၊ ရဲဘက်များအတွက် သွေကြွေးပြန်လည် ပေးဆပ်ပါမည်ဟုလည်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။ LuduNwayOoစက်တင်ဘာ 13, 2021
News ခုခံစစ်စတင်ပြီးနောက်KNU နှင့် CDFတို့က စစ်ကောင်စီစခန်းနှစ်ခုကိုအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်က ၈ဦးဒဏ်ရာရကြောင်း CDF ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ယင်းတပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 12, 2021
News လုံလဲရ်စစ်ကောင်စီအခြေစိုက်စခန်း CDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်က ၁၂ ဦးသေ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီးဘက်က ၁၂ဦးသေဆုံးပြီး CNA/CDF-Thantlang ဘက်က အကျ အရှုံးမရှိခဲ့ဘဲ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 12, 2021
ဗီဒီယို ကေအဲန်ယူ- ညောင်လေးပင်ခရိုင်ထဲ စစ်ကောင်စီက ဝင်ဖမ်းတာတွေရှိနေ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူလေးဦးဟာ မုန်းမြို့ပေါ်မှာ နေထိုင်သူတွေဖြစ်ကြပြီး ၂၀၂၀ ရွေးကောက်ပွဲကာလက မုန်းမြို့မှာ ဒီချုပ်ပါတီအတွက် စည်းရုံးရေးလုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 12, 2021