Connect with us

Hi, what are you looking for?

News

လုံလဲရ်စစ်ကောင်စီအခြေစိုက်စခန်း CDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်က ၁၂ ဦးသေ

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီးဘက်က ၁၂ဦးသေဆုံးပြီး CNA/CDF-Thantlang ဘက်က အကျ အရှုံးမရှိခဲ့ဘဲ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက လုံလဲရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့က မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့တယ်လို့ CDF က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို CNA/CDF-Thantlang က အင်အား ၂၀၀ ကျော်နဲ့ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြုပစ်ခတ်ခဲ့တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ အင်အား ၄၀၀ ကျော်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရာ ည ၉ ခွဲလောက်မှာ စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီးဘက်က ၁၂ဦးသေဆုံးပြီး CNA/CDF-Thantlang ဘက်က အကျ အရှုံးမရှိခဲ့ဘဲ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစခန်းကို ရှင်းလင်းကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။