News ဒီးမော့ဆို၌ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ ၁၄ဦးသေဟု KNDF ထုတ်ပြန် တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ကရင်နီတပ်မတော်နှင့် PDF မှ ရဲဘော်နှစ်ဦးကို အာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDFက ဆိုသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဒီပဲယင်းတွင် နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟုဆို "အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်"ဟု ဂဠုန်တပ်တော်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ငွေတောင်ဆည်အနီးတိုက်ပွဲစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိ ၊ လွိုင်ကော် PDF မှတပ်သားနှစ်ဦးကျဆုံး တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇန်နဝါရီ 3, 2022
ဗီဒီယို ဝက်လက် တိုက်ပွဲအတွင်းပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေကို လေကြောင်းပစ်ကူသုံးကာ ဆွဲထုတ်သွားရ အဲဒီတိုက်ပွဲက ၂ နာရီလောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးလောက်သေသွားတယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ LuduNwayOoဇန်နဝါရီ 2, 2022
News ဒီးမော့ဆို၌ သုံးရက်ဆက်တိုက်ပွဲ စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအပါအဝင် ၃၀ကျော်သေဟု ဒေသကာကွယ်ရေးတပ် ထုတ်ပြန် အကြမ်းဖက်စစ်ကောင်စီတပ်သည် ငွေတောင်ဆည်လမ်းဆုံအနီးတွင် အခိုင်အမာတပ်စွဲရန် အကောင် အထည်ဖော်ခဲ့သော်လည်း စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ရသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း DMO-PDF ကဆိုသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News KNDF ပါဝင်သည့်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ ခန့်သေဆုံးဟု ထုတ်ပြန် KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ကြောင်းလည်းပါရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်ကြောင့်အရပ်သားပြည်သူ ၁၄၆ဦးထိ သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News ဝက်လက်မြို့နယ်မှ နှစ်ရက်ဆက်တိုက်ပွဲစစ်ကောင်စီတပ် ၄၀ ခန့်သေ "ရှိမ်းမကား တောင်ဘက် တောအနီးတဝိုက်က အိမ်တွေတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီကနေ့မနက်ပိုင်းလည်း ရေကြောင်းကနေတက်လာတာတွေရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရာတွင် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအားကိုးကြောင်း NUG ဝန်ကြီးချုပ်ပြော ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News ငွေတောင်ဆည်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် KNDF ရဲဘော်ဟင်နရီ ကျဆုံး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေး သွားသော ရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ် တမ်းတင်ကြောင်းလည်း အသိပေးသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News ကလေးမြို့တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် သုံးနာရီကြာတိုက်ပွဲသေဆုံးမှုများဟု ထုတ်ပြန် တိုက်ပွဲအတွင်းCDF - KKG တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်မှု များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုများနိုင်ကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိမည်ဟု CDF KKG က ခန့်မှန်းသည်။ LuduNwayOoဇန်နဝါရီ 1, 2022