Connect with us

Hi, what are you looking for?

ဗီဒီယို

ဝက်လက် တိုက်ပွဲအတွင်းပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေကို လေကြောင်းပစ်ကူသုံးကာ ဆွဲထုတ်သွားရ

အဲဒီတိုက်ပွဲက ၂ နာရီလောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးလောက်သေသွားတယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘို ခရိုင်ထဲက ဝက်လက်မြို့ နယ် အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဝက်လက် PDF တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားရာ စစ်ကောင်စီတပ်တွေအထိနာလို့ လေကြောင်းပစ်ကူသုံးရတဲ့အထိဖြစ်သွားခဲ့ပါတယ်။

တိုက်ပွဲဟာ ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီ လောက်က ဝက်လက်အရှေ့ခြမ်း၊ ဘုရားလေးကုန်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက် နဲ့အပြန်အလှန်ပစ်ခတ်ရာကနေ စတင်ခဲ့တာပါ။

အဲဒီတိုက်ပွဲက ၂ နာရီလောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးလောက်သေသွားတယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ရွာထဲကအိမ်တွေကိုမီးရှို့တာကြောင့် PDF တပ်တွေက မနက် ၁၁ နာရီလောက်မှာ စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ မနက် ၆ နာရီ လောက်ကစတဲ့ အဲဒီဒုတိယအကြိမ်တိုက်ပွဲဟာ ညနေ ၅ နာရီ အထိ အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ညနေ ၆ နာရီလောက်မှာတော့ စစ်ကောင်စီရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ရောက်လာပြီး ဘုရားလေးကုန်း ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူပေးကာ စစ်ကောင်စီတပ်တွေကို ဆွဲထုတ်သွားခဲ့တာပါ။

ဒီလို လေကြောင်းကပစ်ကူတာကြောင့် စစ်ကောင်စီတပ်တွေ လွတ်မြောက်သွားတာလို့ ဝက်လက် PDF က ဆိုပါတယ်။

၂ ရက်ဆက်တိုက်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလောက် သေဆုံးတယ်လို့ ဝက်လက် PDF က ခန့်မှန်းထားပြီး လေကြောင်းကတိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲတွေမဖြစ်ခင်ကတော့ ဝက်လက်မြို့နယ်အခြေခြမ်းမှာ ပျုစောထီးနဲ့ စစ်ကောင်စီတပ်တွေ ခြေရှုပ်နေတာပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အကြောင်းဒေသကာကွယ်ရေးတပ်တွေက ပြည်သူတွေကိုသတိပေးတာမျိုး ရှိခဲ့ပါတယ်။

ဒါအပြင် ဝက်လက် မြို့နယ်အရှေ့ခြမ်းက ပြည်သူတွေအနေနဲ့ PDF တွေကို လေသံလုံလုံနဲ့အားပေးကြဖို့ကိုလည်း ဒေသခံဝက်လက် PDF က တိုက်တွန်းထားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲနေတာဖြစ်ပြီး လေကြောင်းကနေပါ တိုက်ခိုက်တာတွေ လုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒေသကာကွယ်ရေးတပ်တွေရဲ့ နယ်မြေကျွမ်းကျင်မှုကိုမယှဉ်သာတာကြောင့် စစ်ကောင်စီတပ်တွေအထိနာနေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ