သတင်း
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။
Hi, what are you looking for?
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။
စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့အားတောင်တွင်း-မင်းကင်းPDF( TDPDF) နှင့် ရွှေတြိဂံပကဖ တို့ကနိုဝင်ဘာလ ၂၇ရက်နံနက်တွင် ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
"တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။"ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။
ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။
"အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ"ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကနီမြို့နယ်အပါအဝင် မင်းကင်းနယ် တောင်တွင်းချောင်ဒေသ၌ တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျှက်ရှိရာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များတွင် ခဲယမ်းနှင့် ကျည်ဖိုးများ လိုအပ်ချက်များလာနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
"မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့"ဟု ၎င်းက ဆက်ပြောသည်။