Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၍ ၁၀ဦးရှိလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

အခုထပ်ပြီးကြားရတာက ၁၀ဦးသေဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရတာပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲ လာပစ်တာပါ။ ဒေသခံတွေနေတဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ယနေ့ (မေလ ၂၃ ရက်) ည‌ နေ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း မင်းကင်းမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒေသခံတွေကို အရေးပေါ်ကူညီရေးတွေလုပ်ပေးနေရတယ်။ နောက်ထပ်လေကြောင်းရန်ကိုလည်း သတိပေးနေရတယ်”ဟု ပြောသည်။

ဒဏ်ရာရသူ ၁၀ဦးခန့်တွင်လည်း ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင်ဝင်ပါဝင်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ (ဇူလိုင် ၁၆ ရက်) တောင်းဆိုသည်။

သတင်း

တိုက်ပွဲအတွင်းသေဆုံးသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအလောင်းကို စစ်တပ်က ကားပေါ်မှ ကန်ချထွက်ပြေး

သတင်း

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင် ၁၃ရက်) နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူများထိခိုက်မှုရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က သတင်းထုတ်ပြန်သည်။