Connect with us

Hi, what are you looking for?

သတင်း

ရွာမီးရှို့ရန်လာ​သောစစ်​ကောင်စီတပ်ကို PDFများခုခံတိုက်ခိုက် စစ်​ကြောင်းပြန်ဆုတ်သွား

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့အား​တောင်တွင်း-မင်းကင်းPDF( TDPDF) နှင့် ရွှေတြိဂံပကဖ တို့ကနိုဝင်ဘာလ ၂၇ရက်နံနက်တွင် ခုခံတိုက်ခိုက်ခဲ့​ကြခြင်းဖြစ်သည်။

(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)
(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)

မင်းကင်းမြို့နယ်၊ ပျားသုံး​ကျေးရွာကိုမီးလာရှို့​သော စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို ​မင်းကင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များကနိုဝင်ဘာ ၂၇ ရက်တွင်ခုခံတိုက်ခိုက်ရာစစ်​ကောင်စီတပ်ပြန်ဆုတ်သွား​ကြောင်းတိုက်ခိုက်ခဲ့​သောPDF ​ခေါင်း​ဆောင်တစ်ဦးက​ပြောသည်။

” (စစ်​ကောင်စီတပ်က) ပျားသုံးကျေးရွာနဲ့ မလှမ်းမကမ်းက ကျော်ရွာမှာတပ်စွဲပြီး ရွာကို လာလာ ဖျက်ဆီးတာ။ ဒီတစ်ခါနဲ့ဆို ၆ ကြိမ်ရှိပြီ။ အိမ်တွေကို မီးရှို့တယ်။ တိုက်အိမ်တွေဆို ပေါက်ဆိန်တွေနဲ့ ဖြိုတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ ခံပစ်လို့ ပြန်ဆုတ်သွားတယ်”ဟု People Defence Force Taung Dwin-Minkin TDPDFမှ တာဝန်ရှိသူတစ်ဦးကPeople’s Spring သို့ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့အား​တောင်တွင်း-မင်းကင်းPDF( TDPDF) နှင့် ရွှေတြိဂံပကဖ တို့ကနိုဝင်ဘာလ ၂၇ရက်နံနက်တွင် ခုခံတိုက်ခိုက်ခဲ့​ကြခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

မကြာခဏမီးရှို့ အကြမ်းဖက်ခံ​နေရ​သောပျားသုံးကျေးရွာဒေသခံများသည်စစ်ကောင်စီနှင့်ပျူစောထီးရန်ကို ကြောက်ရွံ့ကာ ရွာတွင်မနေရဲတော့ဘဲ တောတောင်များထဲတွင်တိမ်းရှောင်နေကြသည်။

Public Service Announcement

Public Service Announcement

ယခုကာလတွင်အအေးပိုလာ၍စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များလိုအပ်နေသည်ဟု PDFတစ်ဦးကပြောသည်။

နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲတွင် TDPDFတပ်ဖွဲ့က စမ်းသပ်ထုတ်လုပ်ထားသောလက်နက်ကြီးဖြင့်လည်းပစ်ကူတိုက်ခိုက်ခဲ့ပြီး PDFများ အထိအခိုက်မရှိကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ထိခိုက်မှုရှိနိုင်​သော်လည်း ထိခိုက်​သေဆုံး​သောအ​ရေအတွက်ကိုမူအတည်မပြုနိုင်​ကြောင်းလည်း TDPDFကသတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။