Connect with us

Hi, what are you looking for?

သတင်း

မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ

“တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ
မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ

▪️ဒေသခံပြည်သူတစ်ဦးသတ်ဖြတ်ခံရပြီး နေအိမ်၂၇ လုံးမီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ၌ ဖြစ်ပွားခဲ့သော သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ပြီးနောက် တပ်ဆုတ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂)က ထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ၂ ရက်အထိ မင်းကင်းနယ် တောင်လက်ဒေသ၌ မင်းကင်းတပ်ရင်း -၂ တပ်ခွဲ – ၂ နှင့် စစ်ကောင်စီတပ်နှင့်ပျူများ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ မင်းကင်းတပ်ခွဲ – ၂ ၏ တိုက်မိုင်း၊ နင်းမိုင်း၊ လက်နက် ကြီး၊ လက်နက်ငယ် ပစ်အားများကြောင့် စစ်ကောင်စီတပ်နှင့်ပျူ ၃၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မင်းကင်း တပ်ရင်း (၂)က အသိပေးသည်။

စစ်ကောင်စီတပ်သည် တောင်လက်ဒေသရှိ ထုံးမန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေအိမ်၂၇ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ထုံးမန်းရွာနေ အသက် (၅၀)ကျော်အရွယ် အမျိုးသား တစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ ဓါးဖြင့်ထိုးခြင်း၊သေနတ်ဖြင့် အချက် ပေါင်းများပစ်ကာ သတ်ဖြတ်သွားကြောင်း မင်းကင်းတပ်ရင်း (၂)က ပြောသည်။

Public Service Announcement
Public Service Announcement

“တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ စစ်တပ်နှင့်ပျူများတပ်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ထောင်ထားခဲ့သော မိုင်းများအား ရှင်းလင်းနေကြောင်း၊ မင်းကင်းတပ်ရင်း (၂) တပ်ခွဲ – ၂ အနေဖြင့် အရေးပေါ်ကျည်လိုအပ်ချက်များရှိနေကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းကင်း တပ်ရင်း (၂)သို့ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်နှင့်ပျူများ၏ စစ်ကြောင်းထိုးဖျက်ဆီးပစ်ခတ်သတ်ဖြတ်မှုများကြောင့် တောင်လက်ဒေသရှိ ထုံးမန်း၊ ပသေး၊ အင်းဒေါင်၊ အထက်စသာ၊ ညောင်ကိုင်း၊ လင်းလု ၊ဖက်ထုပ် စသည့်ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။