Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ် အင်ကြင်းတောင်ရွာ စစ်ကောင်စီစခန်းကုန်းကို PDF တိုက်ခိုက်သိမ်းပိုက်

အင်ကြင်းတောင်ရွာ စခန်းကုန်းကို နိုဝင်ဘာ ၂၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

(အင်ကြင်းတောင်ရွာ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - SRF)
(အင်ကြင်းတောင်ရွာ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - SRF)

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ပူးပေါင်းတပ်စွဲထားသည့် အင်ကြင်းတောင်ရွာ စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(PDF)များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိသည်။

အင်ကြင်းတောင်ရွာ စခန်းကုန်းကို နိုဝင်ဘာ ၂၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

(အင်ကြင်းတောင်ရွာ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - SRF)
(အင်ကြင်းတောင်ရွာ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – SRF)

“သိမ်းယူထားတာ ကြာနေပါပြီ။ လုံခြုံရေးအခြေအနေအရ သတင်းမထုတ်ပြန်ခဲ့တာ”ဟု မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ငါးဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၅ဦး၊ စုစုပေါင်း ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။ စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အခိုင်အမာစခန်း။ ဘန်ကာကို သေချာလုပ်ထားလို့ မနည်းပဲ ဖောက်တိုက်ရတယ်”ဟု အဆိုပါရဲဘော်က ပြောသည်။

တိုက်ပွဲအတွင်း စစ်‌ကောင်စီထံမှ MA10လောင်ချာ တစ်လက်၊ MA5 ပစ္စတိုတစ်လက်၊ .30Carbine ကျည်၁၄၇တောင့်၊ 5.56 ကပစကျည် ၁၉၉တောင့်၊ RPG ဖူး ၁၁ခု၊ မိုင်းနှစ်လုံး၊ ၄၀ မမ ဗုံးသီး ငါးလုံး၊ MG1 လက်ပစ်ဗုံးတစ်လုံး နှင့် Drone Jammerတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် Student’s Revolutionary Force (SRF)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်