Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းတိုက်ခိုက်ရာ လေးဦးသေဆုံး၊ တစ်ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း ကလေးခရိုင် အမှတ်(၁၀)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မင်းကင်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိသည့် ပျူစောထီးနှင့် လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ကလေးခရိုင် အမှတ်(၁၀)တပ်ရင်း

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကြောင်း ကလေးခရိုင် အမှတ်(၁၀)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မင်းကင်းမြို့နယ်၏ ပန်းဆက်၊တောင်ဖြူ၊ကျောက်ခဲတက်ရွာဘက်မှ သင်တောကျေးရွာဘက်သို့စစ်ကြောင်းထိုးလာစဥ် ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“စစ်ကြောင်းမှာက ပန်းဆက်၊ တောင်ဖြူ ၊ကျောက်ခဲတက်က ပျူတွေနဲ့ စကစ ဗိုလ်ကြီးအပါဝင် အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးလာတာ။ပထမဆုံး ထိတွေ့မှုမှာတင် စစ်ဦးလန်ပြီး ပြန်ဆုတ်တာကို အင်အားနဲ့ ဝိုင်းပိတ်လိုက်တယ်။အဲဒါနဲ့ ဂျက်ဖိုက်တာလေကြောင်း ပစ်ကူရောက်လာတာပဲ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဖမ်းမိခဲ့သူ၏ ထွက်ဆိုချက်အရ ၎င်းသည် ပန်းဆက်ကျေးရွာမှ ပျူစောထီးဖြစ်ပြီး ဆုတ်ခွာသွားသည့် စစ်ကြောင်းမှာ ပန်းဆက်နှင့်တောင်ဖြူဘက်၌ ပြန်လည်တပ်စွဲထားကြောင်း အသိပေးသည်။

“ပြန်ဆုတ်ခွာသွားချိန်မှာတော့ အထမ်းတွေနဲ့အတော်များတယ်။သေနတ်အစုတ်တွေကိုင်ပြီး အသေခံ တိုက်ခိုင်းခံရတဲ့ ပျူတွေအနေနဲ့ အမြင်ကျယ်ကျယ်ထားပြီးအသက်တွေ ဘဝတွေ မရင်းကျပဲကျနော်တို့နဲ့ အတူပူးပေါင်းကြပါလို့ပြောချင်တယ်”ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ကလေးခရိုင်း အမှတ်(၁၃)တပ်ရင်း၊ကလေးခရိုင် အမှတ် (၁၄)တပ်ရင်း ၊မုံရွာ ခရိုင်အမှတ်(၃)၊ မင်းကင်း Local ယူနီယံတပ်ပေါင်းစု၊Mahauurar Dragon PDF ၊ သင်တော ပကဖ ၊မင်းကင်း ပကဖ ၊ စစ်ကိုင်းတပ်ရင်း(၃)အပါအဝင် ပူးပေါင်းမဟာ မိတ်တပ်များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းလည်း ကလေးခရိုင် အမှတ်(၁၀)တပ်ရင်းက ထုတ်ပြန်ထားသည်။

လက်ရှိ မင်းကင်းမြို့နယ်၌ စစ်ကောင်စီ၏ အဓမ္မတပ်သားသစ်စုဆောင်းခြင်းနှင့် စစ်ကြောင်းထိုးမှုများကြောင့် ကျော်ခဲတက် ၊တုန်ဘိုင် ၊ မြေခြား၊ရွာသစ်ကုန်း ၊ရသာ၊သံပေါက် ၊လောင်းပြည့်၊မြောင်းစင်း၊မုသာ၊ မောက်တက်၊တုံပါ၊ဖက်ခက်၊တောင်အောက်၊ပွင့်လျက်၊ကူလဲ၊လက်ပံတော ၊ကုန်းမော်၊ပျားသုံး၊မြေနီနှင့် ဝါးရဲကျေးရွာများမှ ဒေသခံများမှ တိမ်ရှောင်ထွက် ပြေးနေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။