ဆောင်းပါး မိုးရာသီ ရေဘေးကြားက ရန်ကုန် ဝမ်းရောဂါ ဘာကြောင့် ရုတ်တရက် ပျံ့နှံ့လာရသလဲ ? မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ludunwayooဩဂုတ် 16, 2026
သတင်း စဉ့်ကူးနယ်က ရေဘေးသင့်ရွာတွေကို စစ်တပ် ဗုံးကြဲနေ၊ အမျိုးသမီ ၁ဦး ထိမှန်သေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာရဲစခန်းကနေ စစ်တပ်က ဒရုန်းနဲ့ ရေဘေးသင့်ကျေးရွာတွေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆင်သေရွာက အမျိုးသမီး ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 15, 2026
အတွေးအမြင် “မျက်ရည်ထဲက မိုးရာသီ” ငယ်ငယ်က မိုးတွေရွာရင် သိပ်ပျော်ခဲ့တာ။ မိုးသည်းသည်းထဲမှာသူငယ်ချင်းတွေနဲ့ မောင်နှမတွေနဲ့အတူပြေးကစားရတာကို ကြိုက်တယ်။ မိုးရေတွေချိုးကြတယ်။ မိုးရေစက်တွေ ခေါင်းပေါ်ကို ကိုယ်ပေါ်ကို ကျလာတဲ့အရသာက သိပ်ကောင်းခဲ့တာ။ ludunwayooဩဂုတ် 15, 2026
ဆောင်းပါး ငါ့နွားတွေ ရေမမွန်းစေရ အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။ ludunwayooဩဂုတ် 15, 2026
ဆောင်းပါး ဦးရှင်ကြီး၊ ရခိုင်ရိုးမ နဲ့ ငဝန်မြစ်တို့သာသိမယ့် ရေဘေးလုပ်ကြံမှု နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။ ludunwayooဩဂုတ် 15, 2026
သတင်း စစ်ကိုင်းတိုင်းမှာပြည်သူသိန်းချီရေဘေးသင့်ချိန် စစ်ကိုင်းမြို့အခြေစိုက်တပ်မ(၃၃) ရေဘေးမကူဘဲ ရခိုင်ကိုတန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးတပ်တွင်း သင်တန်းပေးနေ စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေကပြောပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း မြန်မာ့ရေဘေး WFP ကူညီမှု မျှမျှတတရှိဖို့ ဘေးသင့်သူတွေ တောင်းဆို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း မတ္တရာမှာပြည်သူတွေရေဘေးသင့်ချိန် စစ်တပ်ပစ်ခတ်ဗုံးကြဲလို့ ပြည်သူ ၁ဦး ဒဏ်ရာရ ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ဝက်လက်အနောက်ခြမ်းမှာ ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။ ludunwayooဩဂုတ် 14, 2026
သတင်း ခင်ဦးမှာ ရေကြီးမှုကြောင့် စိုက်ဧက ၈၀၀ ကျော် ပျက်စီးနိုင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ludunwayooဩဂုတ် 13, 2026