Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် သမင်ခြံရွာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။

စက်တင်ဘာ−၂၂၊၂၀၂၅။လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင် ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။

” လမ်းပေါ်မှာ သွားနေတဲ့သူနှစ်ယောပ်၊ အိမ်ထဲမှာ နေသူနှစ်ယောက် သေဆုံးတယ်။ စစ်ရေးအခြေအနေ ဘာမှ ရှိမနေဘူး။ တမင် လိုက်ကြဲနေတာ”လို့ ကနီမြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ‌၄ဦးမှာ သက်ကြီးပိုင်း အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦး ပါဝင်ပြီး ကျန်၂ဦးအကြောင်း အသေးစိတ် မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် ချောင်းမရွာမှာ စက်တင်ဘာလဆန်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဆုတ်ခွာ ထွက်ပြေးသွားပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားခဲ့ပြီး အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနဲ့ ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ပါတယ်။

ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တောလှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ၁၆ရက်နက စစ်သုံ့ပန်း ၃ဦးထပ်မံဖမ်းမိပါတယ်။ စစ်ကောင်စီက ကနီမြို့ကိုပြန်ပြီးစစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ပါရာမော်တာနဲ့ မကြာခဏလာပြီး ဗုံးကြဲနေပါတယ်။

အခုအခါမှာ စစ်ကောင်စီက ကနီမြို့နဲ့နယ်ခြင်းဆက်နေတဲ့ ယင်းမာပင်မြို့နယ်စပ်မှာ တပ်ပြန်စုစည်းနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook