Connect with us

Hi, what are you looking for?

သတင်း

ချောင်းမရွာတိုက်ပွဲက ဆုတ်ပြေးလာတဲ့ စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံး၊ လက်နက်နှစ်လက်ရ

စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

ချောင်းမရွာက ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ရာမှာ ရရှိခဲ့သော လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ဓာတ်ပုံ - ULF

စက်တင်ဘာ-၁၃ ၊၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၂ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး MA1 နှစ်လက်၊ 5.56ကျည် ၁၇၀နဲ့ ကျည်ဘောက် ရှစ်ခု သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ချောင်းမရွာက ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ရာမှာ ရရှိခဲ့သော လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ဓာတ်ပုံ – ULF

“ချောင်းမကနေ ကစဥ့်ကလျားထွက်ပြေးကြပြီး ခွေးအုပ်စုထဲက ကွဲထွက်လာတာတွေပါ။မနေ့ကပဲ ထိတွေ့တိုက်ပွဲဖြစ်တာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်ပြီး စစ် ကောင်စီက မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)ဘက်ကနေ အင်အားတွေ ဖြည့်နေတယ်လို့ သိရပါတယ်။

ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ တပ်မ(၃၃) လက်အောက်ခံ ခမရ (၁၆)တပ်ရင်းက ဗိုလ်မှူးသူရိန်ဦးဆောင်သော အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကြောင်းကို စက်တင်ဘာ ၁၁ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ (ပကဖ)နဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကနေ ရန်သူ သုံးဦး သေဆုံးပြီး စစ်သုံ့ပန်းလေးဦးနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

အင်အား ၅၀၀ကျော်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုခွဲပြီး ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စက်တင်ဘာ ၃ ရက်ကစလို့ ထိုးစစ်ဆင်လာခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို ခုခံဖို့ ဒါမှမဟုတ် တိုက်စစ်ဆင်ဖို့အတွက် “အနောက် မြောက်လွင်ပြင်သို့”အမည်ရှိတဲ့ ကျည်ငါးသောင်း ရရှိရေးကမ်ပိန်းကိုလည်း ပါဝင်ကူညီပေးကြဖို့လည်း ULF က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။