Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်တပ် ကြိုးပမ်းနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထပ်ထိုးဖို့ ကြိုးစားနေပြီး ကွေ့ချောင်းရွာမှာ လက်နက်ကြီးတပ်ဆင်နေသလို မြေပြင်စစ်ကြောင်းလည်း နဘူးတောရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

​ချောင်းမတိုက်ပွဲမှာ ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း​တွေနဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-NUG MOD

စက်တင်ဘာ-၁၈၊၂၀၂၅။လူ​အေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထပ်ထိုးဖို့ ကြိုးစားနေပြီး ကွေ့ချောင်းရွာမှာ လက်နက်ကြီးတပ်ဆင်နေသလို မြေပြင်စစ်ကြောင်းလည်း နဘူးတောရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဆုတ်ခွာထွက်ပြေးခဲ့တဲ့ ကနီမြို့နယ်ထဲက ချောင်းမရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ PDF တချို့နဲ့ ​ဒေသခံတချို့က​ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းမရွာကနေ ၅ မိုင်ခန့်သာဝေးတဲ့ ယင်းမာပင်မြို့နယ်ထဲက တရော်ကျင်းရွာကို ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လက်ရှိ ခြေကုပ်ယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းမရွာဟာ မုံရွာ-ကလေးဝ ကားလမ်းမပေါ်မှာ ရှိပြီး ကွေ့ချောင်းရွာနဲ့ဆို ၁၁ မိုင်ခန့် ဝေးပါတယ်။ တရော်ကျင်းရွာကတော့ ချောင်းမနဲ့ ကွေ့ချောင်းကြား မုံရွာ-ကလေးဝကားလမ်းမဘေးမှာပဲ ရှိပါတယ်။

စစ်ကောင်စီတပ်က လက်ရှိ ကွေ့ချောင်းရွာမှာ လက်နက်ကြီး တပ်ဆင်နေတာလို့ သိရပါတယ်။ နဘူးတောရွာကတော့ တရော်ကျင်းနဲ့ ကွေ့ချောင်းကြား ရှိပြီး ကွေ့ချောင်းနဲ့ ပိုနီးပါတယ်။ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ဒေသခံတွေ ထပ်မံစစ်ရှောင်ဖို့ ပြင်ဆင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေကတော့ ငြိမ်စရာမရှိတော့ကြောင်းနဲ့ အဓိက က အရပ်သားတွေ ဘေးကင်းရေးကို ဦးစားပေးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ မုံရွာ-ကလေးဝ ကားလမ်းအတိုင်း စက်တင်ဘာလဆန်းက စတင်ပြီး ကနီမြို့နယ်ထဲဝင်ရောက်လာပြီး ချောင်းမရွာအပါအဝင် ရွာတချို့ကန နေအိမ်တွေကို မီးရှို့နေတောကြောင့် PDF၊ ပကဖနဲ့ ပူး​ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရသူများပြားခဲ့ပြီး စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်ကနေ သုံ့ပန်းတချို့ကိုလည်း ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း​ တော်လှန်​ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းနဲ့ ရဲဘော်တချို့ ထိခိုက်ကျဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၆ရက်ကလည်း ချောင်းမရွာကို စစ်ကောင်စီက ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ထပ်မံရရှိတဲ့သတင်းအရ NUG လက်​အောက်ရှိ ဆက်သွယ်​ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ကနီမြို့နယ်က စစ်​ရေးအ​ခြေအ​နေ​တွေ​ကြောင့် မြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်​တွေအားလုံးပိတ်ဖို့ စက်တင်ဘာ ၁၇ ရက်​နေ့ ရက်စွဲဖြင့်ညွန်ကြားထားတယ်လို့ သိရပါတယ် ။

ဒါအပြင် ​ချောင်းမတိုက်ပွဲမှာထွက်​ပြေးတဲ့စစ်သား​တွေကို ​တော်လှန်​ရေးတပ်​တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်သား ၃ဦးကို လက်နက်ခဲယမ်း​တွေနဲ့အတူ ဖမ်းမိတယ်လို့ ULF က စက်တင်ဘာ ၁၈ ရက်ညမှာ ထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook