News ကနီနယ်တိုက်ပွဲတွင် ဒဏ်ရာရသည့် စစ်ကောင်စီအရာရှိအချို့ကို ရဟတ်ယာဥ်ဖြင့်လာသယ် "အရင်ရက်တိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့သူတွေ။ ဗိုလ်အဆင့်အရာရှိတွေ ဒဏ်ရာရထားတယ်။ သူတို့ကို ရဟတ်ယာဉ်နဲ့ လာသယ်သွားတယ်"ဟု ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2022
News ကနီမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ နောက်ဆုံးထား CDMပြုလုပ်ရန် PDFကနီ သတိပေး ကနီမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များကုန်ကြောင်းနှင့်ရေကြောင်းတွင်ပါ ထိတွေ့တိုက်ခိုက်မှုများမကြာခဏဖြစ်ပေါ်နေသည်။ LuduNwayOoဖေဖော်ဝါရီ 20, 2022
News ရှင်ပြုနားသ အလှူတော်နှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော် "တစ်နယ်လုံးက စစ်တပ်ကို မုန်းနေပြီ။ နိုင်ငံတော်ပြန်လွတ်လပ်ရေးနဲ့ အမေစုတို့အားလုံး ပြန်လွတ်ရေးအတွက် ရရာနည်းနဲ့ တိုက်နေကြတာ။ အလှူက လူအရမ်းညီသလို အရမ်းစည်ကားခဲ့တာ။ သပိတ်စစ်ကြောင်းကလည်း လူအရမ်းများတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2022
News ကနီမြို့နယ် ကင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ ကျော်သေ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖလက်ခွန် နှစ်စီး ပျက်စီးခဲ့ပြီး ယနေ့(ဇန်နဝါရီ ၃၁ ရက်)တိုက်ပွဲတွင် စစ်ကောင်စီတပ်သား၃၀ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2022
News ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်အုပ်စုမှ ၁၀ဦးသေ "အကြမ်းဖက်စစ်ကောင်စီတပ်မှ စကစ (၁၀)ဦး သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်များဘက်မှ စိုးရိမ်ရဒဏ်ရာ တစ်ဦး၊ သာမာန်ဒဏ်ရာ တစ်ဦး ထိခိုက်မှုရှိခဲ့သည်"ဟု ကနီပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က အသိပေးသည်။ LuduNwayOoဇန်နဝါရီ 26, 2022
News ကနီမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် PDFတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်နေရ "ဖြစ်နေတာက မနေ့ကတည်းကဖြစ်နေတာ ခုထိလည်း ဖြစ်နေတာဆိုတော့ တိုက်ပွဲအခြေ အနေက ပြောလို့မရသေးဘူးဗျ။ သူတို့(စစ်ကောင်စီတပ်)ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအုန်းအုန်းလှမ်း ပစ်နေတာဗျ"ဟု KLGPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 23, 2021
News ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ခိုက်မှု PDF ရဲဘော်နှစ်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရ ထိတွေ့တိုက်ပွဲများအနက် ဒီဇင်ဘာ ၁၅ရက်က ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံရပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု KLGPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 19, 2021
News ကနီမြို့နယ်အတွင်းတိုက်ပွဲနှစ်နေရာတွင်စစ်ကောင်စီတပ် အထိ့နာ၊ ရဟတ်ယာဥ်နှင့်စစ်ရေယာဥ်များပါစစ်ကူသုံးနေ ညပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့ကဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲအရှိန်ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအင်အားခန့်မှန်း ၅၀ ခန့်သာကျန်တော့ကြောင်း DRPAက အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 22, 2021
News ကနီတွင် တိုက်ပွဲနှင့် စစ်ကောင်စီတပ်ကရဟတ်ယာဥ်ဖြင့်လိုက်ပစ်၍ ပြည်သူထောင်ချီထွက်ပြေးနေရ တိုက်ပွဲကြောင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး(၂)ဦးမှာ စိုးရိမ်ရဒဏ်ရာများရထားကြောင်း၊အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်းကနီ PDFကအသိပေးသည်။ LuduNwayOoနိုဝင်ဘာ 11, 2021
News ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကိုစစ်ကောင်စီတပ်ကရဟတ်ယာဥ်ပေါ်မှပစ် ပြည်သူ ၁၆ ဦးဒဏ်ရာရ ၊ ရွာလုံးကျွတ်ထွက်ပြေးနေရ "ချင်းတွင်းမြစ်ပေါ်ကနေ ဝဲပြီး စက်သေနတ်တွေနဲ့ ပျက်သွားတာ။အချက်ပေါင်းမနည်းဘူး။ ရွာသား၁၆ယောက် ထိသွားတယ်။ လွတ်မယ်ထင်ပြီးပြေးတာ။ ကောက်ရိုးပုံနားမှာ ပုန်း နေတဲ့သူတွေလည်းထိကုန်တာ"ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 10, 2021