Connect with us

Hi, what are you looking for?

သတင်း

ချောင်းမရာတိုက်ပွဲစစ်သား ၃ ဦး​သေ၊ ​စစ်သုံ့ပန်း ၄ ဦးဖမ်းမိပြီး ​သေနတ် ၇ လက်ရရှိ

ကနီမြို့နယ် ၊ ချောင်းမရွာတိုက်ပွဲမှာ အင်အား (၁၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာစစ်သား (၃) ဦး သေဆုံးပြီးစစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရရှိခဲ့သလို ​သေနတ် ၇ လက် ၊ဂျမ်ပါ နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

စစ်တပ်စစ်​ကြောင်းထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစ်သုံ့ပန်းများ။ ဓါတ်ပုံ-NUG-MOD

စင်တင်ဘာ-၁၂၊၂၀၂၅။People’s Spring

ကနီမြို့နယ် ၊ ချောင်းမရွာတိုက်ပွဲမှာ အင်အား (၁၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်တာမှာစစ်သား (၃) ဦး သေဆုံးပြီးစစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရရှိခဲ့သလို ​သေနတ် ၇ လက် ၊ဂျမ်ပါ နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

ကနီမြို့နယ်၊ ချောင်းမရွာမှာစစ်တပ်တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့​တွေ၊ ပကဖ နဲ့ မဟာမိတ်တပ်​တွေက စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁) နာရီကျော်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

ဝင်ရောက်တိုက်ခိုက်တာမှာ စစ်သား(၃) ဦး သေဆုံးပြီး စစ်သုံ့ပန်း (၄) ဦးနဲ့ လက်နက်​တွေ သိမ်းဆည်းရရှိခဲ့ပြီး ၊စစ်​ကြောင်း ထိခိုက်ဆုံးရှုံးမှု များပြားခဲ့တာ​ကြောင့် ဘန့်ဘွေးပျူစောထီးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆုတ်ခွာသွားတဲ့ စစ်တပ် စစ်ကြောင်းကိုပါ PDF နဲ့ ပကဖ အဖွဲ့​တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ် ။

တိုက်ပွဲအတွင်း စစ်တပ်ထံမှ အလောင်း (၃) လောင်း၊ စစ်သုံ့ပန်း (၄) ဦး၊ MA-1 (၄) လက်၊ MA-3 (၁) လက်၊ MG-3 (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျမ်ပါ (၁)လုံးနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိ​ပေးထားပါတယ် ။

“ချောင်းမတိုက်ပွဲမှာစခတွေအကုန်ပြန်ပြေးရတယ်။သုံ့ပန်းတွေလည်း ရတယ်။ ဒရုန်းတွေရော၊ လက်နက်ငယ်တွေရော၊ငါးကြင်းနှစ်လက်ပါရတယ်။ တရားဝင် ထုတ်ပြန်ဖို့ရှိတယ်”လို့ PDF တော်လှန်ရဲဘော်တဦးက ပြောပါတယ် ။

စစ်တပ်စစ်ကြောင်း​တွေဟာမုံရွာ၊ယာကြီး၊ ကလေးဝလမ်းအတိုင်း စက်တင်ဘာလဆန်းမှစပြီး​တော့ ကနီမြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ပါတယ်။ ချောင်းဝရွာအပါအဝင် ကျေးရွာအချို့ကနေအိမ်​တွေကိုမီးရှို့သလို ဒေသခံပြည်သူ၂၀,၀၀၀ ကျော်မှာလည်း စစ်တပ်ရန်ပြုမှာစိုးရိမ်တာ​ကြောင့် နေရပ်စွန့်ခွာနေရပြီး​တော့ အရေးပေါ်အကူအညီ​တွေလိုအပ်နေပါတယ် ။

စစ်တပ်ဟာယင်းမာပင်ခရိုင်အတွင်း ကနီအပြင် ပုလဲမြို့နယ်ကိုပါ စစ်ကြောင်းထိုးနေတာပါ။

ယင်းမာပင်ခရိုင်ထဲမှာ ကနီ၊ ပုလဲ၊ ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်တို့ ပါဝင်ပါတယ်။ နှစ်မြို့နယ်စလုံးကို လေကြောင်းတိုက်ခိုက်မှု​တွေနဲ့မြေပြင်စစ်ကြောင်းထိုးမှု​တွေ လုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Facebook