သတင်း ဒီးမော့ဆိုတိုက်ပွဲနယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအလောင်းအပါအဝင် ရုပ်အလောင်းများကိုတွေ့ စစ်ကောင်စီ၏ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား ၁၀ဦးထက်မနည်းသေဆုံးသည့် တိုက်ပွဲမှာ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါစဲကျေးရွာအနီး၌ ဖြစ်သည်။ LuduNwayOoမတ် 22, 2023
သတင်း မင်းတပ်မြို့အဝင် စစ်ကောင်စီဂိတ်နှင့် ပေ(၁၅၀) ခန့်ထိ CDF ရဲဘော်များ ချဉ်းကပ်နိုင်ခဲ့သည့် ဓာတ်ပုံဖော်ပြ မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယခင်က ပြောကြားထားသည်။ LuduNwayOoမတ် 22, 2023
သတင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး သုံးဦးသေဟုဆို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက အသိပေးသည်။ LuduNwayOoမတ် 22, 2023
သတင်း ကလေးမှ ဖလမ်းမြို့သို့လာသည့် စစ်ယာဉ်တန်း CNDF တိုက်ခိုက်၊ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။ LuduNwayOoမတ် 21, 2023
ဗီဒီယို “လက်လုပ်နဲ့တိုက်တာကိုတောင် ဓါတုလက်နက်နဲ့တိုက်ရတယ်ဆိုတာက ရှက်စရာအရမ်းကောင်းတယ်။” မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မုံရွာမြို့ ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၂ တပ်ခွဲ - ၄ Fight... LuduNwayOoမတ် 21, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရ စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။ LuduNwayOoမတ် 21, 2023
သတင်း ထီးချိုင့်၊ ဇီးကုန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာ စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်နေသည်။ LuduNwayOoမတ် 21, 2023
သတင်း စစ်ကောင်စီ၏နမ်းနိန်ရွာသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်းပြည်ပ ကရင်နီ အရပ်ဘက်အဖွဲ့များ ပူးတွဲကြေညာ မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 21, 2023
သတင်း ထီးချိုင့်နယ်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ခိုက် စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ LuduNwayOoမတ် 21, 2023
သတင်း ကရင်နီနှင့် ရှမ်းတောင်တိုက်ပွဲ ၅ရက်အတွင်း တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ် ၉၀နီးပါးသေဟု NUG ကာကွယ်ရေးထုတ်ပြန် စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။ LuduNwayOoမတ် 20, 2023