Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုပ်ထိုမြို့နယ်ရှိ နေအိမ်တစ်လုံး​၏ အိမ်တိုင်ထိမှန်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုပ်ထိုမြို့နယ်ရှိ နေအိမ်တစ်လုံး​၏ အိမ်တိုင်ထိမှန်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ အရပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

မတ်လ ၁၆ရက် နှင့် ၂၀ရက်များက ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသေဆုံး ထိခိုက်ရှိခဲ့သည်ဟုဆိုသည်။ မတ်လ ၁၆ရက်ကလည်း ကျိုက်ထိုမြို့နယ် ဇီးပြောင်းရွာအတွင်းမှ ရာဘာခြံလုပ်သား တစ်ဦး ဦးခေါင်းနှင့် လက်ကောက်ဝတ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ မတ်လ ၂၀ရက်တွင် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကရဝေးဆိပ်ရွာမှ အရပ်သား နှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ကရဝေးဆိပ်ရွာ ဦးကုလား၏ နေအိပ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲရာ အိမ်ရှင်ဖြစ်သူ ဦးကုလားနှင့် သားမတ်ဖြစ်သူ ကိုအောင်လွင်တို့ သေဆုံးခဲ့ပြီး ဦးကုလား၏ ဇနီးဒေါ်ပိုမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

“စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ပြည်သူထိခိုက်တာ ဒါ ပထမအကြိမ်တော့ မဟုတ်တော့ဘူး ။အရင်ကလဲရှိခဲ့တယ်။ မိသားစုလိုက်ထိခိုက်တာတွေရှိတယ်။ သေဆုံးမှုတွေရှိခဲ့တယ်။ စစ်ကောင်စီ တပ်သားတွေ ရည်ရွယ်ချက်ရှိရှိ ရွာထဲကို ပစ်ခတ်တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ။ သူတို့လုပ်ရပ်ကို ဘယ်သူမှအရေးမယူနိုင်တာ သူတို့ပစ်လိုက်လို့ ပြည်သူတွေ ထိခိုက်မှုရှိလဲ ခေါင်းထဲမထည့်တော့ဘူး။ သူတို့အဲ့လိုလုပ်လေလေ ကျွန်တော်တို့ရွာသားတွေ ကိုယ့်အိမ်မှာကိုယ် နေတာတောင်လုံခြုံမှုမှမရှိတာ။ လုပ်ကိုင်စားသောက်ရတာ အခတ်ခဲက ပိုရှိတာပေါ့” ဟု ရွာသား တစ်ဦး၏ပြောကြားချက်ကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်းကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ပျဉ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာ ကျေးနယ်၊အလူးကျေးနယ်၊ငှက်ပျောတော ကျေးနယ် နှင့် ဝင်းကလော ကျေးနယ်များတွင် ကျရောက်ပေါက်ကွဲလျက်ရှိကာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများဖြစ်ပေါ်နေပြီး စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။