Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုပ်ထိုမြို့နယ်ရှိ နေအိမ်တစ်လုံး​၏ အိမ်တိုင်ထိမှန်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုပ်ထိုမြို့နယ်ရှိ နေအိမ်တစ်လုံး​၏ အိမ်တိုင်ထိမှန်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်၍ အရပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

မတ်လ ၁၆ရက် နှင့် ၂၀ရက်များက ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသေဆုံး ထိခိုက်ရှိခဲ့သည်ဟုဆိုသည်။ မတ်လ ၁၆ရက်ကလည်း ကျိုက်ထိုမြို့နယ် ဇီးပြောင်းရွာအတွင်းမှ ရာဘာခြံလုပ်သား တစ်ဦး ဦးခေါင်းနှင့် လက်ကောက်ဝတ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ မတ်လ ၂၀ရက်တွင် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကရဝေးဆိပ်ရွာမှ အရပ်သား နှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ကရဝေးဆိပ်ရွာ ဦးကုလား၏ နေအိပ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲရာ အိမ်ရှင်ဖြစ်သူ ဦးကုလားနှင့် သားမတ်ဖြစ်သူ ကိုအောင်လွင်တို့ သေဆုံးခဲ့ပြီး ဦးကုလား၏ ဇနီးဒေါ်ပိုမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

“စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ပြည်သူထိခိုက်တာ ဒါ ပထမအကြိမ်တော့ မဟုတ်တော့ဘူး ။အရင်ကလဲရှိခဲ့တယ်။ မိသားစုလိုက်ထိခိုက်တာတွေရှိတယ်။ သေဆုံးမှုတွေရှိခဲ့တယ်။ စစ်ကောင်စီ တပ်သားတွေ ရည်ရွယ်ချက်ရှိရှိ ရွာထဲကို ပစ်ခတ်တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲ။ သူတို့လုပ်ရပ်ကို ဘယ်သူမှအရေးမယူနိုင်တာ သူတို့ပစ်လိုက်လို့ ပြည်သူတွေ ထိခိုက်မှုရှိလဲ ခေါင်းထဲမထည့်တော့ဘူး။ သူတို့အဲ့လိုလုပ်လေလေ ကျွန်တော်တို့ရွာသားတွေ ကိုယ့်အိမ်မှာကိုယ် နေတာတောင်လုံခြုံမှုမှမရှိတာ။ လုပ်ကိုင်စားသောက်ရတာ အခတ်ခဲက ပိုရှိတာပေါ့” ဟု ရွာသား တစ်ဦး၏ပြောကြားချက်ကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ- ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများမှ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးပြောင်းကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ပျဉ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာ ကျေးနယ်၊အလူးကျေးနယ်၊ငှက်ပျောတော ကျေးနယ် နှင့် ဝင်းကလော ကျေးနယ်များတွင် ကျရောက်ပေါက်ကွဲလျက်ရှိကာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများဖြစ်ပေါ်နေပြီး စားဝတ်နေရေး အခက်အခဲများစွာရှိနေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။