Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား ပိတ်ဆို့အရေးယူအသစ်များ မကြာမီရက်ပိုင်းအတွင်း ကြေညာမည်ဟု အမေရိကန် အကြီးတန်းအရာရှိပြော

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

(မြို့တော်ဝါရှင်တန်ရှိ NUG နိုင်ငံခြားရေးရုံး၌ ဒဲရက်ရှိုလက်နှင့် NUG ဝန်ကြီးများကို မတ်လ ၁၄ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - Derek Chollet/Twitter)
(မြို့တော်ဝါရှင်တန်ရှိ NUG နိုင်ငံခြားရေးရုံး၌ ဒဲရက်ရှိုလက်နှင့် NUG ဝန်ကြီးများကို မတ်လ ၁၄ ရက်က တွေ့ရစဥ်။ဓာတ်ပုံ - Derek Chollet/Twitter)

အမေရိကန်အစိုးရသည် မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို မကြာမီရက်ပိုင်းအတွင်း ကြေညာမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ယနေ့ ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်လက်နက်များဝယ်ယူရန် မြန်မာစစ်ကောင်စီရရှိနေသော ငွေကြေးစီးဝင်မှု ပိုမိုခက်ခဲစေရေး ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှိုလက်က ပြောသည်။

“စစ်ကောင်စီအပေါ် ပိုမိုဖိအားပေး၊ တင်းကြပ်ဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ စစ်ယန္တရားလည်ပတ်စေဖို့ အားဖြည့်ပေးနေတဲ့ ငွေကြေးစီးဝင်မှုကို ပိုမိုခက်ခဲအောင်လုပ်ဆောင်မှာပါ” ဟု ဒဲရက်ရှိုလက်က ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ(failed state)ဖြစ်နိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောသည်။

၂၀၂၁ တွင် ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့ချိန်မှစ၍ သဘောကွဲလွဲသူများကို သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး တိုင်းပြည်သည် ဖရိုဖရဲဖြစ်ကာ ပိတ်မိနေသည်။

Public Service Announcement

Public Service Announcement

အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်အစိုးရ၏ အေဂျင်စီများ၊ စစ်တပ်ပိုင် ကုမ္ပဏီများကို ပစ်မှတ်ထားကာ ၎င်းတို့၏ ဝင်ငွေရရှိမှုကို ထိန်းချုပ်ရန် ပိတ်ဆို့အရေးယူမှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ယနေ့ အထိ အမေရိကန်သည် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ် ၈၀ ဦးနှင့် အဖွဲ့အစည်း ၃၀ ကျော်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ထားကြောင်း ရှိုလက်က ပြောသည်။

မြန်မာ့ပဋိပက္ခကို အဖြေရှာရန် ရုရှားအနေဖြင့် စစ်တပ်ကို စစ်လက်နက်ပစ္စည်းပံ့ပိုးခြင်းကို ရပ်တန့်ရမည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် အာဆီယံသည် ၎င်း၏အစည်းအဝေးများအားလုံးတွင် မြန်မာစစ်ကောင်စီကို နိုင်ငံရေးအရကိုယ်စားပြုမှုကို ဖယ်ထုတ်ထားရန် တောင်းဆိုခဲ့သည်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။