သတင်း ပခုက္ကူဒေသရှိ စစ်ကောင်စီမွေးမြူရေးတပ်ကို PDFများ တိုက်ခိုက်သိမ်းပိုက်ရာ အရာရှိအပါအဝင် သေဆုံးမှုရှိ ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအား လက်နက်ကိုင်ဆောင်ခွင့်ပြု လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း မတ္တရာနှင့် စဥ့်ကူးနယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ တိုက်ပွဲဖြစ်ပွားချိန်တွင် စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးနှင့် ဇီးကုန်းရွာဘက်က စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပိုဝမြောက်ရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း ဒီးမောဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက် တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့မှုကို ဖမ်းမိသုံ့ပန်းများဝန်ခံ စစ်ကောင်စီတပ်သည် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အိမ်ခြေနှင့် အဆောက်အဦး ၁,၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း မဲပုံးတွေနေရာမှာ မဲပေးစက်တွေနဲ့အစားထိုးဖို့ စစ်ကောင်စီ စီစဉ်နေ အဲဒီစနစ်ကိုအသုံးပြုဖို့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတဲ့ စက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ထံ မနေ့က သွားရောက်ပြသခဲ့ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း နွားထိုးကြီးတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၁၁နာရီဝန်းကျင်က နွားထိုးကြီးမြို့၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဥ်ငယ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDFအဖွဲ့ တာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း စစ်ကောင်စီတပ်က ပြည်သူများနေအိမ်အနည်းဆုံး ၅၅,၄၈၄ လုံးကိုမီးရှို့ဖျက်ဆီးထား အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း ထန်တလန်မြို့ပြန်ရရေး စစ်ကောင်စီ စစ်အင်အားဖြည့်တင်းပြင်ဆင်နေ ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကောင်စီတပ်ကုန်းသို့ အကြိမ်ကြိမ်လာရောက်လျက်ရှိသည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း မတူပီ – ဟားခါးကြား ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ နှစ်ပတ်ကျော်ကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းမှစ၍ အဆိုပါ ဒေသ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023