သတင်း တောင်ကလေးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး တောင်ကလေးရဲစခန်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ရဲမှအရာရှိများအပါအဝင် ၁၀ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ အချို့က အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 22, 2022
သတင်း ခင်ဦးတွင် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ကို မဟာမိတ်များတိုက်ခိုက် ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ်၏ အလောင်းခုနစ်လောင်းထက်မနည်း အလောင်းဖျောက် မီးရှို့ထားခဲ့သည်ကို တွေ့ရပြီး ဒဏ်ရာရသူများကိုမူ ခင်ဦးမြို့ပေါ်ရဲစခန်းသို့ ဆေးကုသရန် ပြန်သယ်သွားကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်၁၀နှစ် မတရားချမှတ် တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း စစ်ကောင်စီတပ်က မြိုင်နယ် ဗဟင်းရဲစခန်းကို မီးပြန်ရှို့ပြီး ကျေးရွာကိုပါမီးရှို့နေ စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ခင်ဦးတွင် PDF ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံး၊ စစ်ကောင်စီတပ်က ဒေသခံပြည်သူခြောက်ဦး သတ်ဖြတ်သွား ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း တိုက်ပွဲမဖြစ်ဘဲ ကျွန်းလှမြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် ယနေ့ မီးရှို့နေ စစ်ကောင်စီတပ်က ကျွန်းလှ - ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း အမျိုးသားနေ့ စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ကျဉ်း ၄၀၂ ဦးသာပါဝင် လွှတ်ပေးတဲ့အကျဉ်းသူ၊အကျဉ်းသားတွေထဲ အကျဉ်းထောင် ၁၉ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးလွတ်လာတာကိုအတည်ပြုနိုင်တယ်လို့ AAPP ကဆိုထားပါတယ်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာဝန်ရှိသူ တိုက်တွန်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း လောင်းလုံးမြို့မှာဆိုင်ကယ်စီးလူငယ်အချို့ကို စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း KIA တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 21, 2022