Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIA တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - ခွန်လတ်)
(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - ခွန်လတ်)

အင်းတော်တွင် လက်နက်ကြီးဖြင့် ရမ်းပစ်၊ ကသာနယ် ချောင်း၀တွင်လည်း လေကြောင်းမှ တိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈)နယ်မြေ ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

“ည ၁၂က သုံးစီး၊ ခု ၁၁ကျော်လေးတင်က လေးစီး ။ တပ်မဟာ (၈)နယ်ထဲလာကြဲသွားတာ။ ညက ကြဲတာ တပ်မဟာရဲ့ လေ့ကျင့်ရေးကွင်းဟောင်း။ အခု (၁၁)မှာ ကြဲတာက ကချင်စုစည်းရွာ ။ အထိအခိုက်က မသိရသေးဘူး။ ဗုံးက အင်အားပြင်းတော့ ကသာ၊ မိုးညှင်းကနေတောင် ကြားရတယ်။ ခုလည်း မြစ်ကြီးနား လေတပ်က ထပ်တက်လာလို့ ရှုပ်ထွေးနေပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “မိုးညှင်းမှာ ကြဲတာကြားတယ်။ ချောင်း၀မှာလည်းကြဲတယ်။ မိုးညှင်းက တပ်မဟာ(၈)နယ်မြေကို ကြဲတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး။ မိုးညှင်းတပ်မဟာ(၈)နယ်မြေက သင်တန်းကွင်းကို ကြဲတာလို့ ပြောတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)က သတင်းထုတ်ပြန်ရာတွင် ကသာမြို့နယ် ချောင်း၀ ကျေးရွာ အထက်ဘက်ကို တံတားဦးမှ ထွက်လာသည့် လေယာဉ် သုံးစီးမှ ဗုံးကြဲချနေသည်ဟု ယနေ့ နံနက်တွင်ထုတ်ပြန်သည်။ အသေးစိတ်အခြေအနေများ ဖော်ပြမထားပေ။

အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဖော်ပြထားပြီး ပြည်သူများ ဂရုစိုက်ရန် အသိပေးထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၈ရက်က အင်းတော်မြို့မြောက်ဘက်တွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ထိန်လင်းစံဆိုသူ အပါအဝင် ၂၀ ကျော်သေဆုံးခဲ့သည်ဟု ဆိုသည်။

“အခုလည်း အဲဒီဘက်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်နေတာပေါ့”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။ ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ကသာ ပစ်ခတ်နေခြင်းဖြစ်သည်ဟုဆိုသည်။

KIA တပ်မဟာ(၈)နယ်မြေအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုအပါအဝင် စစ်ကိုင်း -ကချင် အစပ် စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – ခွန်လတ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။