Connect with us

Hi, what are you looking for?

သတင်း

KIA တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - ခွန်လတ်)
(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - ခွန်လတ်)

အင်းတော်တွင် လက်နက်ကြီးဖြင့် ရမ်းပစ်၊ ကသာနယ် ချောင်း၀တွင်လည်း လေကြောင်းမှ တိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈)နယ်မြေ ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

“ည ၁၂က သုံးစီး၊ ခု ၁၁ကျော်လေးတင်က လေးစီး ။ တပ်မဟာ (၈)နယ်ထဲလာကြဲသွားတာ။ ညက ကြဲတာ တပ်မဟာရဲ့ လေ့ကျင့်ရေးကွင်းဟောင်း။ အခု (၁၁)မှာ ကြဲတာက ကချင်စုစည်းရွာ ။ အထိအခိုက်က မသိရသေးဘူး။ ဗုံးက အင်အားပြင်းတော့ ကသာ၊ မိုးညှင်းကနေတောင် ကြားရတယ်။ ခုလည်း မြစ်ကြီးနား လေတပ်က ထပ်တက်လာလို့ ရှုပ်ထွေးနေပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “မိုးညှင်းမှာ ကြဲတာကြားတယ်။ ချောင်း၀မှာလည်းကြဲတယ်။ မိုးညှင်းက တပ်မဟာ(၈)နယ်မြေကို ကြဲတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး။ မိုးညှင်းတပ်မဟာ(၈)နယ်မြေက သင်တန်းကွင်းကို ကြဲတာလို့ ပြောတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)က သတင်းထုတ်ပြန်ရာတွင် ကသာမြို့နယ် ချောင်း၀ ကျေးရွာ အထက်ဘက်ကို တံတားဦးမှ ထွက်လာသည့် လေယာဉ် သုံးစီးမှ ဗုံးကြဲချနေသည်ဟု ယနေ့ နံနက်တွင်ထုတ်ပြန်သည်။ အသေးစိတ်အခြေအနေများ ဖော်ပြမထားပေ။

အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဖော်ပြထားပြီး ပြည်သူများ ဂရုစိုက်ရန် အသိပေးထားသည်။

ထို့အပြင် နိုဝင်ဘာ ၁၈ရက်က အင်းတော်မြို့မြောက်ဘက်တွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ထိန်လင်းစံဆိုသူ အပါအဝင် ၂၀ ကျော်သေဆုံးခဲ့သည်ဟု ဆိုသည်။

“အခုလည်း အဲဒီဘက်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်နေတာပေါ့”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။ ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်ကသာ ပစ်ခတ်နေခြင်းဖြစ်သည်ဟုဆိုသည်။

KIA တပ်မဟာ(၈)နယ်မြေအတွင်း လေကြောင်း တိုက်ခိုက်ခံရမှုအပါအဝင် စစ်ကိုင်း -ကချင် အစပ် စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

(KIA တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – ခွန်လတ်)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook