သတင်း ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီ မိုင်းရှာအုပ်စုနှင့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းသေဟုဆို အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ရွှေဘိုမြို့နယ် ကော့ရွာရှိ စစ်ကောင်စီတပ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက် မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာ၍ အဝေးထိန်းမိုင်းသုံးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း စစ်ကောင်စီတပ် ကင်းထောက်လေယာဉ်သရက်ချောင်းမြို့နယ်တွင်ပျက်ကျ မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဟု IR ပြော တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ တောင်ရင်းရွာသုံးပုံနှစ်ပုံပြာကျ ယမန်နေ့ (နိုဝင်ဘာ၁၈ ရက်)က စစ်ကောင်စီတပ် သည် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာအား မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ရွာရှိ တပ်စခန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ KNDF ပြော KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း KIA နှင့်ဆက်စပ်သည်ဆိုကာ ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မြိုင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကံတော်ရွာမှ ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှား၊ ထိုးစစ်ဆင်မှုများဆက်လုပ်နေဟု KIA ပြော ဖားကန့်နယ် အနန့်ပါဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် KIO အရာရှိများ ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ အပါအဝင် လူအများအပြားအသက်ဆုံးရှုံး ဒဏ်ရာရခဲ့သည်။ LuduNwayOoနိုဝင်ဘာ 19, 2022