Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ တောင်ရင်းရွာသုံးပုံနှစ်ပုံပြာကျ

ယမန်နေ့ (နိုဝင်ဘာ၁၈ ရက်)က စစ်ကောင်စီတပ် သည် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာအား မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)
(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာအား စစ်ကောင်စီတ​ပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၁၈ ရက်)က စစ်ကောင်စီတပ် သည် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာအား မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသည့်ကျောင်းဖြူရွာမှ စစ်ဘေးရှောင် သုံးလအရွယ်ကလေးငယ်တစ်ဦး အအေးမိသေဆုံးခဲ့ကြောင်း စစ်ရှောင်ကျန်းမာရေးထောက်ပံ့နေသည့်အဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement
Public Service Announcement

ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ပဒူတိုက်နယ် အတွင်း ဆက်လက်စစ်ကြောင်းထိုးနေ၍ ကျေးရွာ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရပြီး နှမ်းသိမ်းချိန်တွင် နှမ်းမရိတ်သိမ်းရသေးသဖြင့် သီးနှံဆုံးရှုံးမှုများပါ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။