Connect with us

Hi, what are you looking for?

သတင်း

ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ဆူပူအောင်လှုံဆော်မှုနဲ့ စစ်ကောင်စီ ထောင် သုံးနှစ်ချ

အသက် ၃၅ နှစ်ဝန်းကျင် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ စရဖဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ဆူပူအောင်လှုံဆော်မှုနဲ့ စစ်ကောင်စီ ထောင် သုံးနှစ်ချ
ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို ဆူပူအောင်လှုံဆော်မှုနဲ့ စစ်ကောင်စီ ထောင် သုံးနှစ်ချ

မန္တလေး အခြေစိုက် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး လေးလ ကျော်ရှိလာချိန်မှာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

အသက် ၃၅ နှစ်ဝန်းကျင် ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ စရဖဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးနောက် နေအိမ်ကိုမွှေနှောက်ရှာဖွေတာတွေလည်း စစ်ကောင်စီတပ်က လုပ်ခဲ့ပါတယ်။

ဒီလို ဖမ်းခံရပြီး တစ်လကျော် ကြာတဲ့အထိ မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်သွားပြီး မေလ ၁၆ ရက်မှ အိုးဘိုထောင်ကိုရောက်ရှိလာတယ်ဆိုတာကို သိခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ကိုဇော်ဇော်ကို မန္တလေး နန်းတွင်းထဲမှာ စစ်ကြောရေးလုပ်ခဲ့ပြီး ထောင်သို့မရောက်မီ အချိန်ကာလအတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းရန်နှင့်ငွေညှစ်ရန် စစ်ကောင်စီ ဖမ်းဆီးသည့် လူငယ် ၈၇ ဦးရှိဟုဆို

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမျာအနက်နှစ်ဦး ထပ်မံသေဆုံးရာ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

သတင်း

တောင်ခမ်း (၉၀၂)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၆၀ ထုပ်ကြဲချ ဖြည့်တင်း

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၅)မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook