သတင်း ကျောက်ထုအမြှောက်တပ်က ထွက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု PDF ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း မြိုင်တွင်ရွာမီးရှို့ဖျက်ဆီးပြီး ပြန်လာသည့်စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူ ရှင်းလင်းခံရပြီးနောက် ဒေသခံရွာသူရွာသား၂၀ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီး ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။ LuduNwayOoဩဂုတ် 5, 2022
သတင်း မြောက်ဒဂုံ လျှပ်စစ်ရုံးအနီး စစ်ကောင်စီကင်းတဲကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေးဆုံးအခြေအနေအား မသိရသေးသော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း စစ်ကောင်စီကို လွန်စွာစိတ်ပျက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီသည် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် စိတ်ဆန္ဒမရှိဘဲ ကတိများကို အကြိမ်များစွာချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန်သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ဟားခါး – ထန်တလန်အကြား ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် ခြောက်ဦးသေ “စကစ တဲတစ်ခုကို ငါတို့ ပစ်တယ်။ အထဲက တပ်စိပ်ထဲက ခြောက်ဦးတော့ ကြွတယ်။ ဒဏ်ရာရရှိတာတော့ မသိပါ။ ဟားခါးမြို့ ထဲ ဂိတ်ကို ပစ်တာ စကစ ဗိုလ်အဆင့် တစ်နဲ့ ငယ်သား တစ်ကျတယ်”ဟု ဆလိုင်းထက်နီက လတ်တလော တိုက်ပွဲအခြေအနေကို ပြောပြသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ထီးချိုင့်ဘောလုံးကွင်းအတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ ထီးချိုင့်မြို့နယ်အတွင်းလက်ရှိ စစ်ရေး အခြေအနေများကြောင့် ကာကွယ်ရေးအဖွဲ့များ၏ ရံဖန်ရံခါ စစ်ဆေးမှုများကြုံရပါက ပူးပေါင်းပါဝင်ပေးကြရန်လည်း ခရီးသွားပြည်သူများအား အသိပေးချက် ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ဝက်လက်နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးရှိရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ် မြစ်အနောက်ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ ငါးပါတ်ချောင်း၊ကမ်းဖြူနှင့် အင်ဒေါင်း စသည့် ကျေးရွာများကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ထားဝယ်မှာ အမျိုးသားကြီးတစ်ဦး ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး နာရီပိုင်းအတွင်းသတ်ဖြတ်အလောင်းစွန့်ပစ် လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။ LuduNwayOoဩဂုတ် 5, 2022