Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို

ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။

သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို
သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးနေရာတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဒီနေ့တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများပြားစွာနဲ့ ပြန်ဆုတ်ခွာသွားရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်(၅)ရက် မနက်(၈)နာရီကျော်ခန့်ကစပြီး မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ နေရာတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေတရစပ်ပစ်ခတ်ခဲ့ပြီး အင်အားအလုံးအရင်းနဲ့ ကျူးကျော်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။

ဒီကနေ့တိုက်ပွဲမှာတော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်နှစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။