Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်ရွာမီးရှို့ဖျက်ဆီးပြီး ပြန်လာသည့်စစ်​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

(မြိုင်ပကဖ၏ နံ့သာမြိုင်တပ်ခွဲ အ​ခြေခံစစ်ပညာသင်ကြား​နေစဥ် ။ ဓါတ်ပုံ- နံ့သာမြိုင်တပ်ခွဲမြိုင်)
(မြိုင်ပကဖ၏ နံ့သာမြိုင်တပ်ခွဲ အ​ခြေခံစစ်ပညာသင်ကြား​နေစဥ် ။ ဓါတ်ပုံ- နံ့သာမြိုင်တပ်ခွဲမြိုင်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျောက်ဆောက်ရွာအား မီးရှို့ဖျက်ဆီးပြီး မြို့ပေါ်သို့ပြန်သည့်စစ်​ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ်လ၅ရက်) မွန်းလွဲ၂နာရီခန့်က မြိုင်မြို့နယ်၊ ကျောက်ဆောက်ရွာအား မီးရှိူ့ပြီး မြိုင်မြို့သို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကားတစ်စီးအားနံ့သာမြိုင်ဂေါက်ကွင်းအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါစစ်ဆင်ရေးအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နံ့သာမြိုင်တပ်ခွဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေစုံစမ်းနေဆဲဖြစ်ကြောင်း မြိုင် ပ.က.ဖ က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သပ်၍ မြိုင် ပ.က.ဖ အဖွဲ့ထံ People’s Spring ကဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၉နာရီခန့်ကစတင်ကာ မြိုင်မြို့နယ်အရှေ့ပိုင်း၊ ကျောက်ဆောက်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မီး​လောင်မှု​ကြောင့်ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်းဒေသခံတို့ကပြောသည်။ကျောက်ဆောက်ရွာကို ဇူလိုင်လ၂၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ် ၇လုံးပျက်စီးခဲ့သေးသည်။

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည် စသည့်စကားရပ်များဖြင့် ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်ပ.က.ဖ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။ ထို့ကြောင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်၍ မြိုင်-ပခုက္ကူကားလမ်း၌ ရဟန်းသံဃာများဖြတ်သန်းသွားလာခြင်း ခေတ္တရပ်ဆိုင်းပေးရန် မြိုင် ပ.က.ဖ အဖွဲ့လျှောက်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။