Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်ဘောလုံးကွင်းအတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦး​သေ၊ ၅ ဦးဒဏ်ရာရ

ထီးချိုင့်မြို့နယ်အတွင်းလက်ရှိ စစ်ရေး အခြေအနေများကြောင့် ကာကွယ်ရေးအဖွဲ့များ၏ ရံဖန်ရံခါ စစ်ဆေးမှုများကြုံရပါက ပူးပေါင်းပါဝင်ပေးကြရန်လည်း ခရီးသွားပြည်သူများအား အသိပေးချက် ထုတ်ပြန်ထားသည်။

ထီးချိုင့်ဘောလုံးကွင်းအတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦး​သေ ၊၅ ဦးဒဏ်ရာရ
ထီးချိုင့်ဘောလုံးကွင်းအတွင်းတပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦး​သေ ၊၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ဘောလုံးကွင်းအတွင်း၌ယနေ့မနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း Tigyaing Revolution ကထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းရွာ၊ မိချောင်းအိုက်ရွာ များသို့ ဝင်ရောက်မွှေနောက်ခဲ့သည့် စစ်ကောင်စီတပ်သည် ထီးချိုင့်ဘောလုံးကွင်းထဲသို့ ဩဂုတ် ၅ရက်မနက်တွင်ပြန်ဝင်ရောက်လာပြီးတပ်စွဲ​နေရာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးထက်မနည်း သေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟု​ဖော်ပြထားသည်။

Tigyaing Revolution -TRသည်ထီးချိုင့်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သည်”စစ်ခွေးနှစ်ကောင်သေတယ်။ ငါးယောက် ဒဏ်ရာရသွားတယ်။ အဲ့ကောင်တွေ အလစ်အငိုက်တိုက်ခိုက်ခံရတာ။ မိုင်းကွဲပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တာ အရပ်သားတွေထိသွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ရာ ဆိုက်ကားဆရာ ၁ဦးနှင့်လမ်းသွားလမ်းလာ ၂ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း လည်းအသိ​ပေးထားသည်။ထို့အပြင် မြို့မတောင်ပေါ်ရဲစခန်းမှလည်း ရမ်းသမ်းပစ်ခတ်ရာ ရွာသစ်ကုန်းရပ်ကွက်ရှိ အိမ်တချို့ ကျည်ထိမှန်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရပြီးကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ထီးချိုင့်မြို့နယ်အတွင်းလက်ရှိ စစ်ရေး အခြေအနေများကြောင့် ကာကွယ်ရေးအဖွဲ့များ၏ ရံဖန်ရံခါ စစ်ဆေးမှုများကြုံရပါက ပူးပေါင်းပါဝင်ပေးကြရန်လည်း ခရီးသွားပြည်သူများအား အသိပေးချက် ထုတ်ပြန်ထားသည်။

ထို့ပြင်စစ်ကောင်စီတပ်များသည် အရပ်သားကားများ ၊လူနာတင်ယာဉ်များ ၊ခရီးသည်တင်ကားများ ၊ကုန်တင်ကားများကို အသုံးပြုလျှက်သွားလာလှုပ်ရှား လျှက်ရှိနေ၍ ၎င်းကားများအနေဖြင့် စစ်ကောင်စီတပ်များနှင့် မနီးမဝေးလိုက်ပါခြင်း ၊စစ်ကောင်စီတပ်ယာဉ်များကို ကျော်တက်မောင်းနှင်လာခြင်း များ မပြုလုပ်ရန် လိုအပ်ကြောင်း ထုတ်ပြန်သည်။

မသင်္ကာစရာပုံသဏ္ဍာန် များမဖြစ်ရအောင် မှန်ချမောင်းခြင်း ၊ရာသီဥတုအရ မိုးကာအုပ်မောင်း နှင်ရ​သော်လည်း သံသယ မဖြစ်ရအောင် မိုးကာ အနည်းငယ်လပ်၍ မောင်းနှင်ကြရန်လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားသံကြား လျှင် (သို့မဟုတ်) မိုင်းကွဲသံကြားလျှင် ကျော်တက်မောင်းနှင်ခြင်း မပြုဘဲရောက်ရာအရပ်တွင်အမြန်ဆုံးရပ်တန့်ရန်စိတ်ချရပြီဟု ယူဆမှ လိုရာခရီးဆက်ကြရန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။