သတင်း ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က PDF သုံးဦးကိုဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၂၁ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ရွာကို အကြမ်းဖက်ဝင်ရောက်ပြ လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးထက်မနည်း သတ်ဖြတ်ထားသည်။ LuduNwayOoဇွန် 29, 2022
သတင်း မင်းတပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံး စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ LuduNwayOoဇွန် 29, 2022
သတင်း PDFလေးဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်နေဟု အုတ်ဖို PDFထုတ်ပြန် အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 29, 2022
သတင်း ပင်းတယမြို့ရှိ စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ပင်းတယ - ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 29, 2022
သတင်း တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား သုတ်သင်ရှင်းလင်း အုပ်ချုပ်ရေးမှူးအား အသေပစ်ခတ်ရှင်းလင်းရာ ပွိုင့်(၂၂) လက်နက်သေနတ်တစ်လတ်နှင့် လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း Seven People Defense Forceအဖွဲ့က ဆိုသည်။ LuduNwayOoဇွန် 29, 2022
သတင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ထိတွေ့မှုများရှိ၍ ဒေသခံပြည်သူများ စစ်ဘေးရှောင်နိုင်ရန် YDF ကူညီပေးနေ "နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်"ဟု ၎င်းက ပြောသည်။ LuduNwayOoဇွန် 29, 2022
သတင်း မုံရွာ၊ ယင်းမာပင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် စစ်ကောင်စီတပ် ရမ်းကားနေ၍ လမ်းပိုင်းအချို့ ယာယီပိတ် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ် ရမ်းကားနေ၍ လမ်းပိုင်းအချို့ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသတွင်းမဟာမိတ်အဖွဲ့များက ပြောသည်။ LuduNwayOoဇွန် 29, 2022
သတင်း မင်းတပ်တွင် CDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက ချင်း - မကွေးနယ်စပ် မကွေးတိုင်း ထီးလင်းနှင့် ဆောမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။ LuduNwayOoဇွန် 29, 2022
သတင်း သရက်ချောင်းမြို့နယ်အတွင်းတိုက်ပွဲများတွင်စစ်ကောင်စီတပ် ၁၄ဦးသေ ၊ PDF ၂ ဦးကျဆုံး စစ်ကောင်စီတပ်ကို ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF) ၊ Dawei Southern Defense Force၊ People Defense Guerrilla Force( TYC)၊ Fighting For Freedom Force(ထားဝယ် ပကဖ) နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 29, 2022
သတင်း ဗန်းမောက်တောင်ပိုင်း၌ KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန် တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ၌ လိုက်ပါလေ့ရှိသည့် ရှမ်းနီတပ်ဖွဲ့(SNA)က ဗန်းမောက်မြို့တွင်း၌ လုပ်ငန်းရှင်များထံမှ ကျပ် ၁၀သိန်းစီ ဆက် ကြေးကောက်သွားကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 28, 2022