သတင်း ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ယန္တရားများကိုလည်ပတ်စေသော Non CDMဝန်ထမ်းများနှင့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူမည်ဟု KNDF သတိပေး အလားတူ စစ်တပ်ထုတ်ကုန်များကိုလည်းရောင်း ဝယ်ဖောက်ကားမှုကို ထိရောက်စွာတားမြစ်မည်ဟုလည်း သတိပေးထားသည်။ LuduNwayOoဇွန် 27, 2022
သတင်း ●စစ်ကောင်စီတပ်ကမေလတစ်လတည်းနေအိမ်ပေါင်း ၇၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ အထူးသဖြင့်ခုခံတွန်းလှန်စစ်အားကောင်းတဲ့ဒေသတွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး စစ်ကိုင်းတိုင်ကနေအိမ်အဆောက်အအုံးပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံပါ။ LuduNwayOoဇွန် 27, 2022
သတင်း လောင်းလုံးမြို့နယ်မှာ သက်ကြီးပိုင်း ၃ ဦးကိုစစ်ကောင်စီတပ် အနီးကပ်ပစ်သတ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျုစောထီးတွေရဲ့ လက်ချက်နဲ့လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ပြည်သူ ၈ ဦးပစ်ခတ်ခံရကာ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။ LuduNwayOoဇွန် 27, 2022
သတင်း မူဆယ်တွင် MNDAA တပ်စခန်းလာတိုက်သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိ “ကျွန်တော်တို့က ကြိုတင်ဆုတ်ခွာခဲ့တော့ ရန်သူဘက်ရဲ့ ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးဘူး အထိအခိုက်တော့ရှိမှာပါ”ဟု MNDAAတပ်ဖွဲ့ဝင်က ပြောသည်။ LuduNwayOoဇွန် 27, 2022
သတင်း ညောင်လေးပင်ခရိုင်ထဲ နှစ်ရက်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၉)ဦး သေဆုံးခဲ့တယ်လို့ ဆို ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာနေပြည်သူလူထုတွေကို ကေအဲန်ယူနဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကယ်ဆယ်နေရာချထားတာ၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးတာတွေ လုပ်ဆောင်ပေးချက်ရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ LuduNwayOoဇွန် 27, 2022
သတင်း စစ်ကောင်စီအပေါ် ထပ်တိုးအရေးယူဒဏ်ခတ်မှုများဆောင်ရွက်ရန် G7ထိပ်သီးခုနှစ်နိုင်ငံကို NUGတိုက်တွန်း ယမန်နှစ်တွင် ဗြိတိန်၌ ကျင်းပခဲ့သော G7အဖွဲ့ဝင်နိုင်ငံများ၏ အစည်းအဝေးပြီးဆုံးပြီး တစ်နှစ်ကျော်ကြာသည့်တိုင် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေကြောင်း NUGက ထောက်ပြသည်။ LuduNwayOoဇွန် 27, 2022
သတင်း KNU ညောင်လေးပင်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီးတစ်ဦးနှင့် မြို့အုပ်ချုပ်ရေးမှူးအပါအဝင် ၁၉ဦးသေ ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာပြည်သူလူထုများကို KNUနှင့် ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့တို့ ပူးပေါင်းကာ ကယ်ဆယ်နေရာချထားခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေကြောင်း အသိပေးထားသည်။ LuduNwayOoဇွန် 27, 2022
သတင်း ဗန်းမောက်တောင်ပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 27, 2022
သတင်း ထီးလင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများအချင်းများပြီး နှစ်ဖက်တင်းမာနေ လက်ရှိအခြေအနေမှာ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ဆက်ဆံရေးအဆင်မပြေဘဲ တင်းမားသည့်အခြေအနေတွင်ရှိ၍ ပစ်ခတ်တိုက် ခိုက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကျည်ကွယ်၊ မျက်ကွယ်တွင် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထား သည်။ LuduNwayOoဇွန် 27, 2022
သတင်း စစ်ကောင်စီလုပ်ငန်းလည်ပတ်ရေး ကူညီအားပေးနေသည့် Non-CDMဆရာ၊ ဆရာမ ခြောက်ဦးအား ခေါ်ယူစစ်ဆေးနေဟု KSPအသိပေး အဆိုပါ Non-CDMဆရာ၊ဆရာမ ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း - ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။ LuduNwayOoဇွန် 26, 2022