Connect with us

Hi, what are you looking for?

သတင်း

ပင်းတယမြို့ရှိ စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ပင်းတယ – ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

ပင်းတယမြို့
ပင်းတယမြို့

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့အထွက် စစ်ကောင်စီကင်းစခန်းတစ်ခု ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ပင်းတယ – ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

“စစ်သားတစ်ကောင် သေတယ်။ တစ်ကောင်ကိုတော့ ကားနဲ့တင်ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှု မ​ဖြစ်မီ မိနစ်ပိုင်းက လမ်းမပေါ်သွားလာနေသည့် အရပ်သားတစ်ဦးကို မြောက်ကျောင်းကြီးရဲကင်းစခန်းထဲမှ လှမ်းပစ်ခတ်ခဲ့သည်။ ထိုနောက် မိနစ်အနည်းငယ်အကြာတွင် မြို့ပြပြောက်ကျားအဖွဲ့ဟု ယူဆရသောအဖွဲ့တစ်ဖွဲ့က ရဲကင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရှိရကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းဌာနတစ်ခုဖြစ်သော Voice of Pindayaက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။

ပင်းတယမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်း ဦးကျော်ငြိမ်းလည်း ဇွန်လ ၁၈ရက်က သုတ်သင်ရှင်းလင်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။