Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်တွင် စစ်​ကောင်စီတပ်က PDF သုံးဦးကိုဖမ်းဆီးသတ်ဖြတ်

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၂၁ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ရွာကို အကြမ်းဖက်ဝင်ရောက်ပြ လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးထက်မနည်း သတ်ဖြတ်ထားသည်။

(Salingyi GZ Local Pdf အဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ။ဓါတ်ပုံ-SGZ LPDF)
(Salingyi GZ Local Pdf အဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ။ဓါတ်ပုံ-SGZ LPDF)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်တွင်စစ်​ကောင်စီတပ်က PDF ရဲဘော်သုံးဦးအား ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ကြောင်း Salingyi GZ Local PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တုံကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ထိုအချိန် ဆားလင်းကြီး PDFအဖွဲ့က ရဲဘော်ပေါက်စနှင့် ရဲဘော်ဇွဲနေဇာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနှစ်ရက်အကြာဇွန်လ ၂၅ရက်နေ့တွင် ၎င်းတို့နှစ်ဦးအား အကြမ်းဖက်စစ်တ​ပ်က သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း Salingyi GZ Local PDFအဖွဲ့က အသိပေးသည်။

အလားတူ ဇွန်လ၂၅ ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့နယ်၊ဖောင်းကတာကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးစဥ် ရဲဘော် စိုင်းမြတ်စိုးအား ဖမ်းဆီးသတ်ဖြတ်ခဲဲ့ကြောင်း Salingyi GZ Local Pdf အဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

တုံး​ကျေးရွာသို့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်လာချိန် ရွာသားများနှင့် ဆားလင်းကြီး PDF အဖွဲ့ဝင်အချို့တို့ ထွက်ပြေးခဲ့ရာ အခြားဆိုင်ကယ်တစ်စီး၌ ဓာတ်ဆီပြတ်သွား၍ ရွာဘက်သို့ ဓါတ်ဆီပြန်ယူပေးချိန်တွင် စစ်ကောင်စီတပ်များနှင့် တိုးခဲ့သဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ​ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“၂၅ရက်နေ့သင်္ဂြိုလ်ပါတယ်ဗျ။ သူတို့နဲ့ပတ်သက်​ပြီး ပြောရရင် သူတို့နှစ်ယောက်က Mission(စစ်ဆင်ရေး)မခေါ်ရင် စိတ်ဆိုးပြီးတစ်နေကုန်အိပ်နေတာပါပဲဗျာ။ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ၂၁-၂၂အရွယ်လေးတွေပါ။”ဟု Salingyi GZ Local PDFအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျဆုံးရဲဘော်နှစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆောင်ရွက်ခဲ့သူများဖြစ်ပြီး ၎င်းတို့အား နွေဦးသူရဲကောင်းများအဖြစ် အသိအမှတ်ပြုကြောင်း Salingyi GZ Local PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုနေ့က အကြမ်းဖက် စစ်ကောင်စီတပ်သည် တုံကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်ဒေသခံ ၅ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၂၁ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ရွာကို အကြမ်းဖက်ဝင်ရောက်ပြ လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ နှစ်ဦးထက်မနည်း သတ်ဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ