Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တောင်ပိုင်း၌ KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ၌ လိုက်ပါလေ့ရှိသည့် ရှမ်းနီတပ်ဖွဲ့(SNA)က ဗန်းမောက်မြို့တွင်း၌ လုပ်ငန်းရှင်များထံမှ ကျပ် ၁၀သိန်းစီ ဆက် ကြေးကောက်သွားကြောင်း ဖော်ပြထားသည်။

ဗန်းမောက်
ဗန်းမောက်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်တောင်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာ ကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း Banmauk Revolution က ဖော်ပြသည်။

ဗန်းမောက်တောင်ပိုင်း စီးမော် – သောင်ကြီး အနီးတွင် ဇွန်လ၂၈ ရက် ညနေ ၅နာရီမှစတင်၍ တိုက်ပွဲဖြစ်ခဲ့ရာ ၂နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယခု ညပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲအခြေ အနေ အသေးစိတ် ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အသိပေးသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ၌ လိုက်ပါလေ့ရှိသည့် ရှမ်းနီတပ်ဖွဲ့(SNA)က ဗန်းမောက်မြို့တွင်း၌ လုပ်ငန်းရှင်များထံမှ ကျပ် ၁၀သိန်းစီ ဆက် ကြေးကောက်သွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နောက်နောင်ထိုသို့ ငွေကြေးကောက်ခံမှုများရှိပါက တိုင် ကြားနိုင်ပြီး NUGအစိုးရထံတင်ပြနိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗန်းမောက်တောင်ပိုင်း၌ ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ SNAက စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်အတူ ပူးပေါင်းပါဝင်လျက်ရှိသည်ဟု Banmauk Revolution က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။