သတင်း ပေါက်နယ်ရှိရွာကို မီးရှိုရန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးကို PRF တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 11, 2022
သတင်း ကန်ပက်လက် CDF တပ်စခန်း၌ နေရာဝင်ယူထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ် တိုက်ခိုက် ယနေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၆ဦး သေဆုံးနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။ LuduNwayOoဇွန် 11, 2022
သတင်း NUGမိုဘိုင်းPayမိတ်ဆက်မည်ဟုသတင်းထွက်ပေါ်လာချိန်တွင်စစ်ကောင်စီကငွေပေးချေမှုစနစ်နှင့်ပတ်သပ်၍ခြိမ်းခြောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေမှုကို မကြာခင် စတင်သုံးစွဲနိုင်တော့မည်ဟု NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက မေလတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူလူထုကို ယခုလိုခြိမ်းခြောက်ခြင်းဖြစ်သည်။ LuduNwayOoဇွန် 11, 2022
သတင်း မြောင်နယ်သို့ ရောက်နေသော စစ်ကောင်စီတပ်သားသုံးဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေ ယနေ့နေ့လယ် ၁ နာရီခန့်က မြောင်နယ် ပန်းညိုရွာသို့ရောက်နေသော စစ်သားများသည် ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာ တစ်ယောက်မှာ ရေနစ်သွားသဖြင့် နှစ်ယောက်က ဆင်းပြီးဆယ်ရာသုံးယောက်လုံး ရေနက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 11, 2022
သတင်း ဝကောက်စခန်းအားဝင်စီးသော စစ်ကောင်စီတပ်ကို CDF ကန်ပက်လက် ပြန်လည်ပိတ်ဆို့ထားဟု တပ်မဟာမှူးပြော CDF တပ်ရင်း(၂)ဝကောက်စခန်းကို ဝင်စီးသော စစ်ကောင်စီတပ်စစ်ကြောင်းကို CDF နှင့်အတူ PDF-SAW တပ်ရင်း - ၂(YRPA)မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေတုံးကာ ၃၀ခန့်ဒဏ်ရာရခဲ့သည်။ LuduNwayOoဇွန် 11, 2022
သတင်း ရေစကြိုနယ် သစ်ကြီးတောရွာအား မီးရှို့ထွက်လာသည့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက် မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို မီးရှို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူလူထုများ ဂရုစိုက်ရှောင်ရှားကြရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အသိပေးသည်။ LuduNwayOoဇွန် 11, 2022
သတင်း မုံရွာ PDF တိုက်ခိုက်၍ နှစ်လအတွင်း စစ်ကောင်စီဘက်က ၈၀ ဦးကျော်သေ၊ ၃၂ဦးကျော်ဒဏ်ရာရ တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူမှ မွေးဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲများ ပိုမိုများပြားလာကြောင်းလည်း သိရသည်။ LuduNwayOoဇွန် 11, 2022
သတင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၈)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံး မီးရှို့ခံရသည့်အိမ်များထဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏နေအိမ်များပါဝင်သလို ပြည်ခိုင်ဖြိုးပါတီ အမာခံနေအိမ်များလည်းပါဝင်ကြောင်း၊ မုံရွာမြို့တွင်တာဝန်ကျနေသော ဒုရဲအုပ်ရဲမေ၏ မိဘအိမ်လည်းပါဝင်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။ LuduNwayOoဇွန် 11, 2022
သတင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒီးမော့ဆို၌ ပြည်သူတစ်ဦးသေဆုံးပြီး (၅)နှစ်ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ(၁၀၂)တပ်က ယမန်နေ့ည (ဇွန်လ ၁၀ရက်ည) ၉နာရီခန့်တွင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာ ရှိ ပြည်သူလူထု နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 11, 2022
သတင်း တန့်ဆည်တွင် မီးလောင်သည်ကိုထွက်ကြည့်သည့်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ် စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသောအမျိုးသမီးမှာ တန့်ဆည် အ.ထ.က (၁)၏ မြောက်ဘက်နားတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ LuduNwayOoဇွန် 11, 2022