သတင်း စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းတရားမဝင်ဘဲ နောက်ဆက်တွဲအကျိုးဆက်အားလုံးကို လုံးဝတာဝန်ခံရမည်ဟု NUGတရားရေးဝန်ကြီးဌာန ထုတ်ပြန် အကြမ်းဖက် စစ်ကောင်စီ အလိုကျအမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားများသာဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။ LuduNwayOoဇွန် 4, 2022
သတင်း စစ်ကောင်စီတပ်ကကိုးတောင်ဘို့ရွာ ဘုန်းကြီးကျောင်းတွင်စစ်ရှောင်နေသူများကိုအပြင်ထွက်ခွင့်မပေးဘဲပိတ်ဆို့ထား ကိုးတောင်ဘို့၊ ယမတောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ဇွန်လ ၃ရက်တွင် တိုက်ခိုက်ခဲ့ရာ အထိနာပြီးနောက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။ LuduNwayOoဇွန် 4, 2022
သတင်း ဖယ်ခုံ – လွိုင်ကော် လမ်းပိုင်းတွင် စစ်ကောင်စီ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့ဖျက်ဆီး ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း - ၂ ၊ KNDF တပ်ရင်း - ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇွန် 4, 2022
သတင်း ရွေးကောက်ပွဲမလျော်သြဇာသုံးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီစွဲချက်တင် စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။ LuduNwayOoဇွန် 4, 2022
သတင်း စစ်ကောင်စီကို စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် စွဲချက်တင်ရန် တူရကီတရားရုံး၌ စတင် စုံစမ်း အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းချိန်ကစ၍ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် နှိပ်စက် ညှင်းပမ်းမှု(Torture)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု(Crime Against Humanity)များအပေါ် တရားစွဲဆိုမှုကို တူရကီတရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 4, 2022
သတင်း “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ ယခုလကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းရန် ဖြူး PDF သတိပေး သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။ LuduNwayOoဇွန် 4, 2022
သတင်း ကန့်ဘလူတွင်စစ်ကောင်စီတပ်အင်အားတိုးပြီးပိုလှုပ်ရှားလာသဖြင့် ပြည်သူများသတိထားသွားလာရန် အသိပေး ကန့်ဘလူမြောက်ခြမ်း မတည်မငြိမ်အခြေအနေများကြောင့် ကန့်ဘလူ–ကျွန်းလှ–ပင့်သာ–ချပ်ကြီး–ချပ်သင်း–ကိုးတောင်ဘို့–ကောလင်း လမ်းပိုင်းအား အသွားအလာမလုပ်သင့်ကြောင်းလည်း Infinity Group က ပြောသည်။ LuduNwayOoဇွန် 4, 2022
သတင်း ချောင်းဦးမြို့နယ်တွင်စစ်ကောင်စီတပ်ကိုPDFကသုံးကြိမ်တိုက်ခိုက်အနည်းဆုံး နှစ်ဦးသေ ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။ LuduNwayOoဇွန် 4, 2022
သတင်း ဆီမီးရွာခံများကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်သည့် စစ်ကောင်စီတပ်လုပ်ရပ်အပေါ်ပြင်းထန်စွာလက်တုံ့ပြန်မည်ဟု လောင်းရှည် PDF အသိပေး ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။ LuduNwayOoဇွန် 4, 2022
သတင်း ရန်ကုန်မြို့ရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီက ဖောက်ခွဲမှုပြုလုပ်မည်ဟု သတင်းရရှိထား၍ ပြည်သူများဂရုစိုက်ကြရန် သတိပေး "စခ၊ ရခတွေက မနိုင်ရင် ရသလိုညစ်ပတ်ပြီး အကောက်ကြံကြမှာပါ။ ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံးဂရုစိုက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။"ဟု GNC မှတာဝန်ရှိသူကပြောသည်။ LuduNwayOoဇွန် 4, 2022