Connect with us

Hi, what are you looking for?

သတင်း

ဆီမီးရွာခံများကိုဖမ်းပြီး နှိပ်စက်သတ်ဖြတ်သည့် စစ်ကောင်စီတပ်လုပ်ရပ်အပေါ်ပြင်းထန်စွာလက်တုံ့ပြန်မည်ဟု လောင်းရှည် PDF အသိပေး

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။

လောင်းရှည် PDF
လောင်းရှည် PDF

မကွေးတိုင်း ဆောမြို့နယ် ဆီမီးကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သည့် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေးထုတ်ပြန်သည်။

မေလ ၃၁ရက်တွင် စစ်ကောင်စီတပ်၏ ကပစ -၂၅ တပ်မှ အင်အား ၆၀ခန့် စစ်ကြောင်းသည် ဆီမီးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဆီမီးကျေးရွာမှ အပြစ်မဲ့ ပြည်သူလူငယ်၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ခရီသွား ပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများအနက် အမျိုးသမီတစ်ဦးကို လောင်းရှည်တွင် အကျယ်ချုပ်ဖြင့်ထားရှိပြီး ကျန်လူငယ်လေးဦးကို ကပစ – ၂၅ တပ်သို့ ခေါ်ဆောင်ကာ စစ်ကြောင်းရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကပစ -၂၅ စစ်ကြောရေး၏ နှိပ်စက်ညှင်းပမ်းမှုကြောင့် ခရီးသွားပြည်သူတစ်ဦးဖြစ်သည့် ကိုအောင်ကိုလင်း (ခ) ငဘန်မှာ အသက်ဆုံးရှုံးခဲ့ရပြီး အလောင်းအား စစ်ကောင်စီတပ်က ဖျောက်ဖျက်ခဲ့ကြောင်း ဖော်ပြထားပြီး ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအား ပြင်းထန်စွာလက်တုန့်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ခရီးသွားရင်း ဖမ်းဆီးခံရသောအမျိုးသားမှာ ကိုအောင်ကိုလင်း(ခ)ငဘန်ဆိုသူဖြစ်ပြီး စစ် ကြောရေးတွင် နှိပ်စက်ငတ်ဖြတ်ပြီးနောက် အလောင်းကို ချက်ချင်းမြေမြှပ်ဖျောက်ဖျက်ခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီး လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)က တာဝန်ရှိသူက ပြောသည်။

“အသတ်ခံရပြီး အလောင်းဖျောက်လိုက်တယ်ဆိုတာကို ဇွန်လ ၂ ရက်နေ့ကတည်းက ကြားနေတာပေါ့။ ကျွန်တော်တို့ကလည်း သေချာအောင်လို့ သတင်းလိုက်တဲ့အခါမှာ တပ်တွင်းဖရဲသီးကတဆင့် အတည်ပြုနိုင်ခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။