သတင်း လုံခြုံရေးအချိန်ပြည့်ချထားသောနောင်ချိုပညာရေးမှူးရုံးဒုတိယထပ်အစည်းအဝေးခန်းအတွင်းဗုံးပေါက်ကွဲမှု စစ်ကောင်စီလက်ချက်ဟု ဒေသခံများပြော ရုံးအတွင်းနှင့် အပြင်၌ အချိန်ပြည့်လုံခြုံရေးချထားသောနောင်ချိုပညာရေးမှူးရုံး၏ အပေါ်ထပ်အစည်းအဝေးခန်းမတွင် ဗုံးပေါက်ကွဲခြင်းသည်စစ်ကောင်စီတပ်လက်ချက်သာဖြစ်ကြောင်း ဒေသခံများကပြောသည်။ ludunwayooဇွန် 1, 2022
သတင်း ရန်ကုန်တွင် “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ”ကျိန်စာ စာသားအား အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲ ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားပြီး အဖမ်းအဆီးများနေချိန်မှာပင် "မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ" ပြည်သူ့ကျိန်စာ စာသားအား ဝေဒပညာရှင်များ၏ ညွှန်ကြားစီရင်ပေးသည့် အင်းပြားများထည့်ချုပ်၍ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။ ludunwayooဇွန် 1, 2022
သတင်း စစ်ကောင်စီနှင့် ဆွေးနွေးအပေးအယူပြုလုပ်မှုမှန်သမျှ တရားမဝင်ကြောင်း NUG ကြေညာ စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် NUGကို ဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်းလည်း အသိပေးကြေညာထားသည်။ ludunwayooဇွန် 1, 2022
သတင်း ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်မှသေဆုံးသွားသောစစ်သား အလောင်းငါးလောင်းကိုသည်အတိုင်းပစ်ထားသွား ပြီးခဲ့သည့်မေလ ၂၈ရက်နေ့ကဝက်လက်မြို့နယ်တွင်အင်အား၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောစစ်တပ်အား လယ်ကွင်းပြင်တစ်နေရာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြင်းဖြူရှင်ပျောက်ကြားအဖွဲ့က ပြောသည်။ ludunwayooဇွန် 1, 2022
သတင်း KIA နှင့် MNDAA တပ်စွဲရာနေရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့ မေလ ၃၁ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၁နာရီနီးပါးကြာခဲ့သည်ဟုဆိုသည်။ ludunwayooဇွန် 1, 2022
သတင်း မြိုင်နှင့်ပခုက္ကူနယ်စပ်တွင်စစ်ကောင်စီတပ်ကားနှစ်စီးကို ပဒေသာမိုင်းဖြင့်တိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီ၏ကားနှစ်စီးအားပဒေသာမိုင်းများဖြင့်နေရာ ၂ ရာတွင် တိုက်ခိုက်ခဲ့ရာကား ၁စီးပက်လက်လန်သွားပြီး ၁ စီး ဆိုးရွားစွာပျက်စီးသွားကြောင်း၊ အများအပြား ထိခိုက်သေဆုံးနိုင်ပြီး သတင်းအတိအကျ စုံစမ်းဆဲဖြစ်ကြောင်းမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။ ludunwayooဇွန် 1, 2022
သတင်း ယောဒေသကို စစ်ကောင်စီက အင်အားအများအပြား တိုးချဲ့နေ မေလနောက်ဆုံးပတ်ကစ၍ ယောဒေသအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနှင့် ကုန်းကြောင်းအသုံးပြု၍ အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့်တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ ludunwayooဇွန် 1, 2022
သတင်း မုံရွာ(နမခ)ကနေထွက်လာသော စစ်ကောင်စီယာဥ်တန်း ကျောမြို့တွင်ရပ်နားနေ၊ သံချပ် ကာ ကားနှစ်စီးလည်းပါဝင် စစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။ LuduNwayOoဇွန် 1, 2022
သတင်း မန္တလေးက နာမည်ကြီး ဈေးတွေမှာ ဆိုင်မဖွင့်ဘဲ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို သိမ်းမယ်လို့ ခြိမ်းခြောက် ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။ LuduNwayOoဇွန် 1, 2022
သတင်း ကျောက်ပန်းတောင်းတွင် PDF ရဲဘော်နှစ်ဦးကို ဝိုင်းဝန်းပိတ်ဆို့သည့် စစ်ကောင်စီတပ်အရာခံဗိုလ်အပါအဝင် လေးဦးသေ ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။ LuduNwayOoဇွန် 1, 2022