Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ ယခုလကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းရန် ဖြူး PDF သတိပေး

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

ဖြူး PDF သတိပေး
ဖြူး PDF သတိပေး

“နန်းထိုက်အောင်စစ်ဆင်ရေး”အစိတ်အပိုင်းအဖြစ် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မည်ဖြစ်၍ ယခုလကုန်မတိုင်မီ ပြည်သူနှင့်ပူးပေါင်းရန် ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(ဇွန် ၄ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များအနက် ရဲ၊စစ်သား၊ပျူစောထီးအပါအဝင် မြို့နယ်အဆင့်၊ရပ်ကျေးအဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်ကြောင်း အသိပေးသည်။

သတိပေးချက်ကိုလိုက်နာမှုမရှိပါက နန်းထိုက်အောင် စစ်ဆင်ရေးအဖွဲ့ဝင်များဖြစ်သော ကျား သစ်နက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့၊Arrow အဖွဲ့၊လင်းယုန်၊တောရိုင်းနှင့် New မြို့ပြ ပြောက် ကျားအဖွဲ့များက အပြီးတိုင်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

တာဝန်မှ နှုတ်ထွက်ပြီးပြည်သူလူထုနှင့် ပူးပေါင်းလိုသူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် Phyu၏ လူမှုကွန်ရက်မှတဆင့် ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

မေလ ၂၃ရက်ကလည်း ပဲခူးတိုင်း၊သာယာဝတီမြို့နယ်၌ “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ်”တပ်မ (၆၆)၏ ခလရ – ၃၅ တပ်ရင်းသို့ ဆန်ရိက္ခာများထောက် ပံ့ပေးနေသော ဆန်စက်အား မိုင်းခွဲတိုက်ခိုက်ထားသည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင် ရေး”မှာ ရန်ကုန်တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည် နယ်အတွင်း၌ပါ ဆောင်ရွက်နေကြောင်း စစ်ဆင်ရေးတာဝန်ခံက People’s Springသို့ ပြောသည်။

ယခုနှစ် ဧပြီ၈ရက်ကစတင်ခဲ့သော နန်းထိုက်အောင်စစ်ဆင်ရေးတစ်လအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်း လင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။