Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီအတွင်း​ရေးမှူး၏​ဆွေးမျိုး​လည်းဖြစ်၊ WHOဝန်ထမ်းလည်းဖြစ်​သောစစ်​ကောင်စီသတင်း​ပေးကို ​မော်လမြိုင်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ကသေနတ်ဖြင့်ပစ်သတ်

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ
မျိုးမင်းထွဋ်အသတ်ခံရပြီး​နောက် စစ်​ကောင်စီရဲများက စစ်​ဆေး​နေစဥ်။ ။ဓါတ်ပုံ-​​သံလွင်တိုင်း/CJ

●မျိုးမင်းထွဋ်သည်ဧည်စာရင်းစစ်ခြင်း၊ CDM များကိုခြိမ်း​ခြောက်ခြင်းတို့တွင်ပါဝင်ပြီး သက်ငယ်မုဒိန်းများကျူးလွန်ပြီး Sex Tape ဖြင့်အကြပ်ကိုင်တက်သူဟု​​မော်လမြိုင် PDO ထုတ်ပြန်

မော်လမြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကယမန်​နေ့ည​နေတွင် ​သေနတ်ဖြင့်ပစ်သတ်လိုက်သောWHOမြန်မာပြည်ရုံးဝန်ထမ်း မျိုးမင်းထွဋ်သည်စစ်ကောင်စီအတွင်း​ရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့တွင်းဖရဲသီးကအတည်ပြုသည်။

“မော်လမြိုင်မှာ မနေ့က ပွဲဆူသွားတဲ့သတင်း။ ဟုတ်တယ်။ အသတ်ခံရတဲ့သူက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ အမျိုးတော်တယ်လို့ သိထားတယ်” ဟု ရဲအရာရှိတစ်ဦးက People’s Spring သို့ပြောသည်။

အောင်လင်းဒွေးနှင့်ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ မျိုးမင်းထွဋ်ဆိုသူကို မော်လမြိုင်မြို့ သံလွင်ဥယာဥ်အနီးတွင် ဇွန် ၈ရက် ညနေက သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – People’s Defense Organization – Mawlamyine က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

​မော်လမြိင် PDO ထုတ်ပြန်ချက်
​မော်လမြိင် PDO ထုတ်ပြန်ချက်

ထို့အပြင် အသတ်ခံရသူ မျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ (WHO) မြန်မာပြည်ရုံး၏ ယာဥ်​မောင်းတစ်ဦးဖြစ်​ကြောင်းWHO မြန်မာပြည်ရုံးက ယ​​​မန်နေ့ (ဇွန် ၈)တွင်သတင်းထုတ်ပြန်သည်။ ၎င်းသည် WHO မြန်မာပြည်ရုံးတွင် ယာဥ်​မောင်းအဖြစ် ငါးနှစ်နီးပါးလုပ်ကိုင်ခဲ့သူဖြစ်သည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် ယနေ့ ဇွန်လ ၈ ရက်နေ့ ညနေ၅နာရီဝန်းကျင်အချိန် မွန်ပြည်နယ်မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင်ကျွန်ုပ်တို့ WHOမှဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်အသက်ဆုံးရှံးသွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်။ဦးမျိုးမင်းထွဋ်သည် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရပြီး ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးပါ။ကျွန်ုပ်တို့အားလုံး လုပ်ဖော်ကိုင်ဖက်၏မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရပါသည်”ဟု
WHO မြန်မာရုံးကထုတ်ပြန်ထားသည်။

WHO မြန်မာရုံးထုတ်ပြန်ချက်
WHO မြန်မာရုံးထုတ်ပြန်ချက်

​​မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် မျိုးမင်းထွဋ်သည် စစ်ကောင်စီတပ်က ပြည်သူများအား ဧည့်စာရင်းများစစ်ဆေးရာတွင် ဦးဆောင်ပါဝင်တက်ပြီး စစ်​ကောင်စီရဲမှူးများနှင့်နီးစပ်သောဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ၏ မိသားစုဝင်များအားခြိမ်းခြောက်အကြပ်ကိုင်နေသလို အရွယ်မရောက်သေးသောမိန်းမငယ်များအားခြေတော်တင်ဖျက်ဆီးနေသော သက်ငယ်မုဒိန်းကောင်ဖြစ်ပြီး Sex tape များရိုက်ကူးအကြပ်ကိုင်တက်သည်ကိုလည်းစုံစမ်းသိ့ရှိရသည်ဟု​ဖော်ပြထားသည်။

၎င်းသည်စစ်​ကောင်စီရဲများနှင့်ရင်းနှီးပြီး လူမှု​​ရေးရှုပ်​ထွေးကာ ၊မြို့တွင်း၌ အမည်ပျက်ရှိသူဖြစ်​ကြောင်းလည်း​ဒေသခံတစ်ဦးက​ပြောသည်။

အခြားမော်လမြိုင်မြို့ခံတစ်ဦးကလည်း”ခေတ်စကားနဲ့ပြောရရင် မုန့်ဟင်းခါးပွဲကြီးတစ်ပွဲစားလိုက်ရတယ်ပေါ့ဗျာ။ ဒီကောင်မျိုးမင်းထွန်းကနိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်း။ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲစစ်ကောင်စီ ဘောမနေတဲ့ကောင်။ဒီကောင်သေတာမြို့အတွက်တော့သတင်း
ကောင်းပဲ” ဟု People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။