Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)
(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)

မွန်ပြည်နယ်၊ကျိုက်ထိုဘက်မှ ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် ​ခြောက်စီးပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၉ ရက်)နံနက် ၉နာရီ မိနစ်၅၀ခန့်ကကျိုက်ထိုမြို့နယ်၊ တညင်ချောင်းရွာ အဝင်လမ်းအနီးတွင် အထက်ပါစစ်ယာဥ်တန်းကို ကျိုက်ထို KRF၊ ကျိုက်ထို (ပကဖ)နှင့် KNU/KNLAပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးစာရင်း အတိအကျမသိရှိရသေး သော်လည်းပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

“လေးစီးမြောက်ကားက မိုင်းလည်း ထိတယ်။(၄၀) မမ ဗုံးသီးပါ မှန်တာ။အပြန်အလှန်ပစ်ခတ်တာတော့ ငါးမိနစ်ကျော်လောက်ရှိတယ်။စခဘက်က ထိခိုက်သေဆုံးတာ ရှိနိုင်တယ်”ဟု KRF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU)
(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ – KNU)

ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook