Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုမြို့က မကွေးတိုင်းလွှတ်တော်အမတ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖျက်ဆီးပြီး အိမ်တွင်းရှိ ပစ္စည်းများ ယူသွား

ဇွန်လ ၈ရက် နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်နေ ဦးကျော်မြင့်၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် ရောက်ရှိလာပြီး အိမ်တံခါးကိုဖျက်ဆီးခဲ့သည်ဟု ဆို သည်။

People's Spring
People's Spring

မကွေးတိုင်း ဆောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး အိမ်တွင်းရှိပစ္စည်းများ ယူဆောင်သွားကြောင်း ကာယကံရှင် ဦးကျော်မြင့်ကပြောကြားသည်။

ဇွန်လ ၈ရက် နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ဆောမြို့နယ် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်နေ ဦးကျော်မြင့်၏ နေအိမ်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်ဖြင့် ရောက်ရှိလာပြီး အိမ်တံခါးကိုဖျက်ဆီးခဲ့သည်ဟု ဆို သည်။

ထို့နောက် စစ်ကောင်စီတပ်က အိမ်တွင်းရှိ ကုတင်၊ မွှေ့ယာ၊ ဘီရို၊ သေတ္တာအပါအဝင်အသုံးအဆောင် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဦးကျော်မြင့်က ပြော သည်။

စစ်ကောင်စီတပ်အနေဖြင့် ယခင်ကလည်း လွှတ်တော်အမတ်နေအိမ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်များ၊ အားပေးသူများ၏ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ ပစ္စည်းများယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ထို့ပြင် ပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။