Connect with us

Hi, what are you looking for?

သတင်း

ဂန့်​ဂေါနယ်ရှိ ရွာနှစ်ရွာကို စစ်​ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်သား ၂၀ခန့်​သေ

ပြည်သူ့ကာကွယ်ရေးတပ်သားများမှာအထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးထပ်မံ၍တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်း(ယောဒေသ)က တိုက်တွန်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါတပ်ရင်း(ယောဒေသ)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဂန့်ဂေါတပ်ရင်း(ယောဒေသ)

ဂန့်ဂေါမြို့နယ်၊ ရဲလှရွာမှမွှေ့လယ်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးခန့် သေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဂန့်ဂေါတပ်ရင်း(ယောဒေသ)က ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များမှာ ယမန်နေ့(ဇွန် ၈ ရက်) နံနက် ၇ နာရီခန့်တွင် အင်အား ၁၅၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို အနောက်ပိုင်းတိုင်းစစ်ဒေသ (ခွဲ) တပ်ရင်း(၇၀၁) ၊တပ်ရင်း (၇၀၄)၊တပ်ရင်း(၇၀၆)နှင့် YAW PEOPLE’SDEFENCE FORCE စသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပဒေသာမိုင်းများ၊ လက်နက်ကြီး၊လက်နက်ငယ်များအပါအဝင် ဒရုန်းများဖြင့် နံနက် ၈နာရီခွဲခန့်အထိ အချိန် ၁နာရီခွဲ အကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီး ၁၅ဦးခန့် သေဆုံးပြီး ထိခိုက်မှုအများအ ပြားရှိသည်ဟု အသိပေးသည်။

ထို့နောက် အထက်ပါစစ်ကြောင်းသည် မွှေ့လယ်ရွာမှ ရေရှင်ရွာသို့ ညနေ ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာလာသည်ကိုထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီနှင့် ပျူစောထီး ငါးဦးခန့် သေဆုံး ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်သားများမှာအထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးထပ်မံ၍တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ရန်လည်း ဂန့်ဂေါတပ်ရင်း(ယောဒေသ)က တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း မြေပြင်၊ ဝေဟင်များအသုံးပြုကာ မေလအတွင်း အင်အားတိုးချဲ့ပြီးနောက် ယခုလဆန်းပိုင်းမှစ၍ စစ်ကြောင်း သုံးခု ထက်ဖြင့်ဒေသတွင်စစ်ထိုး လျက်ရှိသည်။

“အခုက ဂန့်ဂေါ မြောက်ပိုင်း၊တောင်ပိုင်းနဲ့ အနောက်ပိုင်းကို စစ်ထိုးနေတာ။မနေ့က မြောက်ပိုင်းနဲ့ တောင်ပိုင်းကပြည်သူတချို့ကိုအကြောင်းမဲ့သတ် ဖြတ်သွားတယ်လို့ လောလောဆယ် သိရတယ်”ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ထိတွေ့တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ဂန့်ဂေါ-ထီးလင်း နှင့် ဂန့်ဂေါ-အိုက္ကား လမ်းပိုင်းများကိုအသုံးမပြုရန် PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။