သတင်း မြောက်ဒဂုံမြို့နယ် (၃၀)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ် ပစ်ခတ်စီးနင်းမှုလုပ်၊ ဖမ်းဆီးခံရသူအချို့ရှိဟုဆို စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း မြောင်နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် မပေါက်သေးသော လက်နက်ကြီးကျည် ယူဆော့ကစားရာ ပေါက်ကွဲမှုဖြစ်၍ စစ်ဘေးရှောင်ကလေးငယ် တစ်ဦးသေဆုံး၊ ဖခင်ဖြစ်သူလည်း ဒဏ်ရာရ ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဆားလင်းကြီးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရဲလေးဦးပစ်ခတ်ခံရပြီး လေးဦးလုံးသေ ဆားလင်းကြီးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုအားကောင်းရာဒေသဖြစ်ပြီး ဆားလင်းကြီးမြို့မရဲစခန်း၊ ဝမ်ပေါင်လုပ်ငန်း၊ ညောင်ပင်ကြီးရဲစခန်း အစရှိသည့်နေရာများ မကြာခဏ တိုက်ခိုက်ခံခဲ့ရသည်။ LuduNwayOoဇူလိုင် 22, 2022
သတင်း မြောင်တွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်နေစဥ် လက်နက်ကြီး ဖြင့်ပစ်ခတ် ခဲ့၍ ဒေသတွင်း PDFများက စစ်ကောင်စီ၏ ရဲစခန်းကို ဒရုန်းဖြင့်ပြန်လည် တိုက်ခိုက် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) ဗိုလ်ကျားသစ်၏ နေအိမ်၊ နွားစာတိုက်နှင့် မီးဖိုဆောင်တို့ကို မီးရှို့သွားခဲ့သည်။ LuduNwayOoဇူလိုင် 21, 2022
သတင်း တမူးမြို့တွင် နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ပြီး ငွေကြေးများလုယူသွား၊ ပျူအဖွဲ့လုပ်ရပ်ဟု ဒေသခံများ သုံးသပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပြင်ဘက်၌သာ နယ်မြေစိုးမိုးမှုအထိုက်အလျောက်ရနေသောကြောင့် မြို့ပေါ်တွင် ပျူစောထီးများက လူထုအား အနိုင့်ကျင့်သည့်လုပ်ရပ်များပေါ်ပေါ်တင်တင်ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇူလိုင် 21, 2022
သတင်း ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေ လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့် အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိနေကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မြစ်ငယ် မီးရထားစက်ရုံ လုံခြုံရေး ဈေးဝယ်ချိန် ပစ်ခတ်ခံရလို့သေဆုံး ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။ LuduNwayOoဇူလိုင် 16, 2022
သတင်း မန္တလေးမှာ ညပိုင်းပေါက်ကွဲမှုတွေဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့ ဒါအပြင် ည ၈ နာရီလောက်မှာလည်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်နေ၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022