Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် စစ်ကားများလာ၍လမ်း​ဘေးချရပ်​​ပေးသောကားကိုစစ်​တပ်က​ပစ်ခတ်၍က​လေးငယ်တစ်ဦး​သေဆုံး

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(အသက် ၈ နှစ်အရွယ်မိန်းက​လေးပါ​သောကား ​သေနတ်ဖြင့်အပစ်ခံခဲ့ရ​သော​နေရာ အနီးဝန်ကျင်ကိုGoogle Mapမှ​တွေ့ရစဥ်)
(အသက် ၈ နှစ်အရွယ်မိန်းက​လေးပါ​သောကား ​သေနတ်ဖြင့်အပစ်ခံခဲ့ရ​သော​နေရာ အနီးဝန်ကျင်ကိုGoogle Mapမှ​တွေ့ရစဥ်)

ကား​ပေါ်ပါအမျိုးသားတစ်ဦးလည်းဒဏ်ရာရ

မုံရွာတွင်ယမန်​နေ့ည​နေက စစ်ကောင်စီတပ်ကားများလာ၍လမ်း​ဘေးချရပ်​နေ​သောကားကို စစ်​ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်ခဲ့၍ ကားအတွင်းမှ (၈)နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးခဲ့သည်။

မုံရွာမြို့ဘိုးဘွာရိပ်သာအနီးတွင်ယမန်နေ့(ဇူလိုင်၂၅ရက်)ညနေ ၆နာရီခွဲခန့်က မုံရွာ-မန္တ​လေးလမ်းအတိုင်း စစ်ကား​တန်း၁၁စီးပါကားတန်းလာ၍ အိမ်စီးကား Light Truck မှာ လမ်း​ဘေးချရပ်ပြီးမှန်ချထားသဖြင့် ကားအတွင်းက​လေးပါသည်ကိုရှင်းလင်းစွာမြင်​နေရပါလျက် ​စစ်သားများကသေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

“စစ်ကားတန်းလာလို့ လမ်းဘေးချရပ်ထားတဲ့ကားကို ပစ်တာ။ ကားထဲက ကလေးတစ်ဦးသေတယ်။ ကလေးအဖေထင်တယ်။ ဒဏ်ရာရသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

ကျည်ထိကလေးငယ်အား မုံရွာဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးမလေးက မျက်စိပေါက်ထွက်သွားတယ်။ အလောင်းပြန်မရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။