သတင်း တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေး ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။ LuduNwayOoဇန်နဝါရီ 22, 2023
သတင်း မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု မန္တလေး PDF တွင် တပ်ရင်း ၅ရင်းရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ တပ်ရင်းများဖြစ်သည်။ LuduNwayOoဇန်နဝါရီ 21, 2023
သတင်း အင်းတော်တိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ ပကဖရဲဘော်တစ်ဦး ကျဆုံး အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF၊ ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 21, 2023
သတင်း စစ်ကိုင်းတွင် PDF စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး စစ်ကောင်စီတပ်သည် စဥ့်ကူးနယ်၊ ဧရာဝတီမြစ်ဘေး ကျေးရွာများ၌လည်း တပ်စွဲထားပြီး မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကိုင်း၊ ရွှေဘိုနှင့် ဝက်လက်နယ်များဘက်ကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။ LuduNwayOoဇန်နဝါရီ 19, 2023
သတင်း ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား NUGက လက်နက်များပေးအပ် ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။ LuduNwayOoဇန်နဝါရီ 17, 2023
သတင်း ကနီမြို့နယ်တွင် အောင်ပွဲပြန် PDF ရဲဘော်များအား ဒေသခံများကြိုဆို အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် သေဆုံးပြီး၊ စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိကြောင်း MDF အသိပေးထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 13, 2023
သတင်း ပုလောမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ထိခိုက်မှုများ၊ PDF ရဲဘော်နှစ်ဦး ထိခိုက် လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် - ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ LuduNwayOoဒီဇင်ဘာ 31, 2022
သတင်း ယောဒေသအခြေစိုက် The Youth Force (Saw&Kyaukhtu)တပ်ဖွဲ့ဝင် ရဲဘော်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲပြုလုပ် The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 26, 2022
သတင်း မုံးကိုးဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ MNDAA ရဲဘော်တစ်ဦးကျဆုံး အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 22, 2022
သတင်း မြောင်မြို့နယ် ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးကို မီးရှို့သတ်ဖြတ် "မနက်အစောကြီးဝင်လာတော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ...(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်"ဟု ကိုနွေဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 20, 2022