Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် အောင်ပွဲပြန် PDF ရဲဘော်များအား ဒေသခံများကြိုဆို

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် သေဆုံးပြီး၊ စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိကြောင်း MDF အသိပေးထုတ်ပြန်သည်။

ဓာတ်ပုံ - MDF-ဗဟိုပြန်ကြားရေးကော်မတီ
ဓာတ်ပုံ - MDF-ဗဟိုပြန်ကြားရေးကော်မတီ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အောင်ပွဲခံပြန်လာသည့် Myanmar Defense Force (MDF) အပါအဝင် PDF ရဲဘော်များကို ဒေသခံပြည်သူများက ယနေ့ (ဇန်နဝါရီ ၁၃) ကြိုဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်၍ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက အောင်ပွဲဆင်နိုင်ခဲ့ကြောင်း MDF က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - MDF-ဗဟိုပြန်ကြားရေးကော်မတီ
ဓာတ်ပုံ – MDF-ဗဟိုပြန်ကြားရေးကော်မတီ

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် သေဆုံးပြီး၊ စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိကြောင်း MDF အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ အရှုံးဖြင့်ပြန်ဆုတ်သွားပြီးနောက် အောင်ပွဲဖြင့် ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ နီးပါးမှ ဒေသခံပြည်သူအများအပြားက စုရပ် (၇)ခုတွင် စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် ကြိုဆိုခဲ့ကြပြီး၊ အစားအသောက်များဖြင့် ကျွေးမွေးခြင်းနှင့် တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အောင်ပွဲပြန်ကြိုဆိုပွဲသို့ MDF နှင့် ဒေသတွင်းတော်လှန်ရေး ခြောက်ဖွဲ့ခန့်မှ ပြည်သူ့ရဲဘော် ၁၀၀ကျော် တက်ရောက်ခံကြောင်း MDF က ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။