News ကရင်နီဒေသတွင် ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဟု KNDF ထုတ်ပြန် ဖားဆောင်မြို့နယ်၊ နန်းမကုနှင့် ပန်ပုကျေးရွာ အကြားတွင်လည်း ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကိုမှု အတည်ပြုနိုင်ခြင်းမရှိသေးဟုဆိုသည်။ LuduNwayOoအောက်တိုဘာ 14, 2021
News ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက် ထားလဲကျေးရွာအနီး၌ပင် အောက်တိုဘာ၁၁ရက် ညနေက ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောာင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထားလဲကျေးရွာအနီးတွင် အောက်တိုဘာ၉ရက်မှ စ၍တိုက်ပွဲများ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 12, 2021
News စစ်ကောင်စီကိုတိုက်ရန် EAO များစုစည်းနိုင်အောင်လုပ်ရမည်ဟု KNPPစစ်ဦးစီးချုပ်ပြော၊ လက်တွေ့တွင် ကချင်၊ ချင်း၊ KNUနှင့် ကရင်နီတို့သာတိုက်နေဟုဆို စစ်ကောင်စီကို တိုက်ခိုက်ရာတွင် အောင်ပွဲခံနိုင်ရန် ကျန်သည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။ LuduNwayOoအောက်တိုဘာ 10, 2021
News ကရင်နီ စစ်ဘေးဒုက္ခသည်များကို Free Burma Ranger-Karenniက သွားရောက်ကူညီ ကယားပြည်နယ်၌ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ပွဲဆင်နွှဲမှုမှာစက်တင်ဘာလကစ၍ ပိုမိုအရှိန်မြင့်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အင်အားတိုးချဲ့၍ ထိုးစစ်ဆင်မှုများပြုလုပ်ကာ ကျေးရွာလူနေအိမ်များကို မီးရှို့ခြင်း မိုင်းထောင်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News စစ်ကောင်စီသတင်းပေးဟုမသင်္ကာသူကို စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိဟု ကရင်နီပြည်ရဲဌာနထုတ်ပြန် အဆိုပါ အမျိုးသားကို KGZ အထူးတပ်ဖွဲ့မှ အောက်တိုဘာ ၁ရက်တွင် ဖမ်းမိခဲ့ပြီး ယနေ့တွင် ရဲဌာနသို့လာရောက်အပ်နှံခဲ့သည်ဟုဖော်ပြထားသည်။ မည်သည့်မြို့နယ် မည်သည့်ဒေသ၌ ဖမ်းမိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။ LuduNwayOoအောက်တိုဘာ 2, 2021
News စစ်ကောင်စီသတင်းပေးဟု သက်သေခိုင်လုံ ၅ဦးကို ထိန်းသိမ်းထားဟု ကရင်နီရဲတပ်ဖွဲ့ ထုတ်ပြန် KSP ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့် ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဩဂုတ်လကုန်ပိုင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 30, 2021
News ကရင်နီဒေသ၌ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ ၃၀ဦးသေဆုံးဟု KNDF ထုတ်ပြန်၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့ကျဆုံး ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်မျာ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်ထွက်ပြေးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 30, 2021
News စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီဒေသခံ ၁၀၀ ကျော်သေဆုံးပြီး ၁၄၀ကျော် ဖမ်းခံထားရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ သေဆုံးသူ အနည်းဆုံး ၁၀၁ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၁၄၇ဦးကျော်ရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 27, 2021
News စစ်ကောင်စီသတ်ဖြတ်သည့်အရပ်သား ၇၀ကျော်အပါအဝင် အာဏာသိမ်းပြီးနောက်ကရင်နီဒေသခံ ၉၄ဦး သေဆုံး အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ၌ တိုက်ပွဲဖြစ်ပွားမှု၊ ဒေသခံများသေဆုံးမှုနှင့် ဖမ်းဆီးခံရသူများ ၏ အခြေအနေကို PKPFက စက်တင်ဘာ ၁၈ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 19, 2021
News ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်းသေဆုံး၊ ကရင်နီတပ်မှ နှစ်ဦးကျဆုံး ကျဆုံးသွားသော သူရဲကောင်းနှစ်ဦးဖြစ်သည့် မောင်ဆီမိုးနယ်(ခ)အောင်နိုင်နှင့် မောင်ပီတာအား ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သူရဲကောင်းသမိုင်းမှတ်တမ်းတင် အပ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 14, 2021