News Total ကိုစစ်ကောင်စီနှင့်လက်တွဲလုပ်ကိုင်နေမှုချက်ချင်းရပ်ရန် ရှယ်ယာရှင် Coast Capital တောင်းဆို “မြန်မာနိုင်ငံမှာ အခြေအနေဆိုးဆိုးဝါးဝါးဖြစ်နေတာကို အစုရှယ်ယာကုမ္ပဏီတစ်ခုအနေနဲ့ သိရှိထားပါတယ်။ Total Energies ကုမ္ပဏီအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ဦးဆောင်မူပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ယုံကြည်ထားပါတယ် ”ဟုCoast Capital၏ Founding Partner ဖြစ်သူ James Rastehကပြောသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူသုံးဦးကို ဓားစားခံဖမ်းဆီးပြီး ပစ်သတ် "အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းစီးသွားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့ပါသည်"ဟု Hnaw PDF က ဆိုသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News စစ်ကောင်စီ၏ အကြမ်းဖက်စီးနင်းမှုကြောင့် ဂန့်ဂေါနယ်ခံ ၈,၀၀၀ကျော် တိမ်းရှောင်နေရ၊ အရေးပေါ် အကူ အညီလိုအပ်နေဟု PDF ထုတ်ပြန် ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ယောနယ်ဒေသ စစ်ဘေးရှောင်ပြည်သူမျာများ၏ လိုအပ်ချက်များကို မိမိတို့အစီအစဉ်(အဆက်အသွယ်)ဖြင့်သော်လည်းကောင်း၊ ဂန့်ဂေါ PDF နှင့် ဆက်သွယ်၍ သော်လည်းကောင်း တတ်စွမ်းသမျှကူညီထောက်ပံ့ပေးကြရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News သံတောင်ကြီးတွင်စစ်ယာဉ်တန်းကို KNU တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှလက်နက် ၇လက်သိမ်းဆီးရမိ “အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News မတ္တရာတွင် စစ်ယာဉ်တန်း မိုင်းလေးလုံးဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်ဟုဆို “ကျွန်းပင်၊ သဖန်းကိုင်း၊ မြှောင်းသစ်ကနေ ဆင်းလာတဲ့ စခ ယာဉ်တန်းအုပ်စုကို မိုင်း ၄လုံးဆွဲတိုက်ခိုက်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ အရေအတွက် မသိရဘူး”ဟု ဒေသခံက ပြော သည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News ပုလဲ-ဂန့်ဂေါလမ်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား သုံးဦးသေ ထို့ကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းများကျေးရွာအနီးရောက်ရှိပါက ရွာအတွင်းမနေထိုင်ရန်နှင့် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်လည်း မြို့နယ် ပ.အ.ဖ က အသိပေးသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News အရာတော် ၁၄ ရွာမှတောင်သူများ စပါး၊ မြေပဲရိတ်သိမ်းနိုင်ရေးထိန်းသိမ်းပေးရန် စစ်ကောင်စီကို သံဃာတော်များ မေတ္တာရပ်ခံ အကြမ်းဖက်စစ်ကောင်စီက အရာတော်မြို့နယ်အတွင်းရှိ အဆိုပါကျေးရွာများတွင် PDFများရှိသည်ဟုစွပ်စွဲကာ မကြာခဏ ဝင်ရောက်ဖျက်ဆီးမီးရှိူ့မှုများပြုလုပ်နေပြီး ကျေးရွာပြောင်းပစ်မည်ဟုပင် ခြိမ်းခြောက်ထားသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ ၊၁၂ ဦးခန့်သေဆုံးနိုင် စစ်ကောင်စီတပ်သားများသည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ပြီး အခင်းဖြစ်ရာဝန်းကျင်ရှိ ရွာသားအချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News လွန်ခဲ့သည့် ၂ နှစ်က ပို့ကုန်ရငွေများ ရက်၃၀အတွင်းပြည်တွင်း မယူလာလျှင်အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက် ရက်ပေါင်း ၃၀အတွင်း ပို့ကုန်ရငွေများပြည်တွင်းသို့ မယူဆောင်လာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူဥပဒေအရ အရေးယူမည် အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။ LuduNwayOoဒီဇင်ဘာ 21, 2021
News စစ်ကောင်စီအရာရှိတွေကို လေ့ကျင့်သင်တန်းပေးတဲ့ အစီအစဉ်ကို ချက်ချင်းဆိုင်းငံ့ဖို့ ဂျပန်အစိုးရကို HRW တောင်းဆို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။ LuduNwayOoဒီဇင်ဘာ 21, 2021